Related Posts Plugin for WordPress, Blogger...


ရခိုင်ပြည်နယ်မြို့ကြီးများတွင် သန်းခေါင်စာရင်း သပိတ်မှောက်မှု ဆက်လက်ပြုလုပ်မည်
စစ်တွေ၊ မဇ္ဈိမ။                ။ သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်နေခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဦးခင်ရီက မတ်လ ၂၉ရက်တွင် ရခိုင်ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ခဲ့သည့်အတွက် ရခိုင်မြို့ကြီးများတွင် သပိတ်မှောက်ခြင်းများ ဆက်လက်ပြုလုပ်သွားတော့မည် ဖြစ်သည်။
နံနက် ၆နာရီမှ ည၆နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် စစ်တွေမြို့သို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီသည် မတ်လ ၂၉ရက် ညနေ၅နာရီကျော် အချိန်တွင် ရောက်ရှိခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ သန်းခေါင်စာရင်း သပိတ်မှောက်ကော်မတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
စစ်တွေရပ်မိရပ်ဖများ တောင်းဆိုချက်မှာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်မထည့်သွင်းရေးကို အစိုးရအနေနှင့် တရားဝင်ထုတ်ပေးစေလိုခြင်း ဖြစ်သည်။
ပြည်နယ်သန်းခေါင်စာရင်း ကောက်ယူမှုကော်မတီအနေနှင့် ရိုဟင်ဂျာဟူသည့် အမည် မထည့်သွင်းရေးကို တရားဝင်စာထုတ်ပြန်
ပေးရန် လက်ခံခဲ့သော်လည်း ရခိုင်ရပ်မိရပ်ဖများ နှင့် သန်းခေါင်စာရင်း သပိတ်မှောက်ကော်မတီက အစိုးရက တရားဝင် ထုတ်ပြန်ပေးခြင်းကိုသာ လိုလားကြသည်။
အချိန် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း အစိုးရအနေနှင့် ညှိနှိုင်းစရာများ ရှိသည်ဟုဆိုကာ တရားဝင် စာမထုတ်ပြန်
ပေးသေးသည့်အတွက် သန်းခေါင်စာရင်းသပိတ်မှောက် ကော်မတီအနေနှင့် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု အဆိုပါကော်မတီမှ ဦးဆောင်သူ ဦးကျော်ဇောမင်းက မဇ္ဈိမကိုပြောသည်။
၂၄ရက်နေ့က သန်းခေါင်စာရင်းကို သပိတ်မှောက်ရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အခြားမြို့နယ်များတွင် စာရွက်များ ဖြန့်ဝေခဲ့ပြီး ၂၆ရက်နေ့တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်မှောက် ခဲ့ကြသည်။
ထို့နောက် ၂၉ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ဆွေးနွေးညှိနှိုင်းရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေး ညှိနှိုင်းပွဲတွင် စစ်တွေမှ ဦးဆောင်သံဃာတော် ၂ဝကျော် နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာ
အေးမောင်နှင့် ဒေါ်ခင်စောဝေ အပါအဝင် ရခိုင်ပြည်နယ်မှ ဝန်ကြီးအချို့ တက်ရောက်ခဲ့သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ