Related Posts Plugin for WordPress, Blogger...

"ကျွန်မ အဖေက ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်" ဟု ၁၆ နှစ် အရွယ် ဒူဘိုင်းသူလေးမှ တရားရုံး၌ သက်သေခံ ထွက်ဆိုခဲ့
ဒူဘိုင်းတရားရုံးတစ်ခု၌ အသက် ၁၆ နှစ် အရွယ် မိန်းမပျိုသည် သူမ၏ မိဘနှစ်ပါးနှင့် ရင်ဆိုင်တွေ့သောအခါ သူမ၏ မိဘနှစ်ပါးမှ သူမ၏ ခန္ဓာကိုယ်အား Dh ၁၆၀၀၀၀ ဖြင့် ရောင်းချကာ သူမ၏ အပျိုရည်အား ဖျက်ဆီးခဲ့သည့်အကြောင်း တရားရုံးတော်အား ရှိုက်ကြီးတငင် ဖွင့်ချလိုက်သည်။
"ကျွန်မအဖေက နောက်မဆင်းရဲချင်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်။ အဖေရော အမေရောက ကျွန်မကို ဖာလုပ်ခိုင်းတယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတယ်။ ကြောက်ရဆို မလုပ်နိုင်ဘူးလို့ ကျွန်မ ပထမငြင်းတော့ အဖေက ခုပဲထသတ်တော့မယ့်အတိုင်း စိတ်ဆိုးတယ်လေ" ပါကစ္စတန် မိန်းမပျိုမှ သူမ၏ မိဘများအား တရားရုံးတော်မှ စစ်ဆေးစဉ် ဤသို့ သက်သေခံ ထွက်ဆိုခဲ့သည်။ 
အသက် ၁၆ နှစ် အရွယ် မိန်းမပျိုမှ သူမ၏ ဖခင်ဖြစ်သူ KA နှင့် မိခင်ဖြစ်သူ SK တို့သည် သူမအား သူစိမ်းသူများနှင့် လိင်ဆက်ဆံမှု ပြုရန် တွန်းအားပေးခိုင်းစေကာ သူမ၏ ကိုယ်ကာယကို အလွဲသုံးစားလုပ်ခဲ့ကြောင်း မိဘများအား မျက်နှာချင်းဆိုင်၍ သက်သေခံ ထွက်ဆိုခဲ့သည်။
မိန်းကလေးမှ မိဘများ၏ မျက်နှာကို တည့်တည့်ကြည့်လျက် ဤသို့ တရားသူကြီးရှေ့မှောက်၌ ထွက်ဆိုခဲ့သည်။ 
"ကျွန်မတို့က ဆင်းရဲတယ်။ အဖေက ကျွန်မကို သူနှင့်အတူ ဒူဘိုင်းကို လိုက်ခဲ့ပြီး ဖာလုပ်ဖို့ ချော့ပြောတယ်။ ဒီလိုလုပ်လျှင် ကျွန်မတို့ ချမ်းသာသွားမယ် တဲ့။ ပထမက ကျွန်မ ဖာလုပ်အောင် ကျွန်မကို ချော့ပြောဖို့ အဖေက အမေ့ကို ခိုင်းတာ။ ကျွန်မက အမေပြောတော့ မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဖေက ဒေါသ အကြီးအကျယ်ထွက်ပြီး ကျွန်မကို နင်ပဲငဆ ပက်ပက်စက်စက်ပြောတယ်။ နောက်တော့လည်း ဖိအားတွေက များများလာတော့ ကျွန်မလည်း မခံနိုင်တော့ပဲ သူတို့ကိုငဲ့ပြီး ဖာလုပ်လိုက်ရတယ်"

From:Myo Min Thant

www.mmdailystar.com

Posted by Arakan Man on 3/29/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ