Related Posts Plugin for WordPress, Blogger...

Photo: မြေပုံမြို့နယ်ရှိ အစိုးဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရတော့မည်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို လူမှုဖွံ့ဖြိုးမှု နိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စု အစိုးရမှ သတ်မှတ် လိုက်သည့် အတွက် မြေပုံမြို့နယ်အတွင်း တာဝန်ထမ်းဆောင် နေကြသည့် အစိုးရ ၀န်ထမ်းများ အနေဖြင့် လစာ (၂) ဆ တိုးမြှင့် ခံစားရတော့မည် ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွတ်တော်ကိုစားလှယ် ဦးသန်းဖေက ပြည်သူ့လွတ်တော်တွင် မြေပုံမြို့နယ်ကို လူမှုရေးခက်ခဲသည့် ဒေသအဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုထားခဲ့သည်။ ယင်းနောက်ပိုင်းတွင် လွတ်တော်က ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သိရသည်။

“ကျွန်တော်က လွတ်တော်အစည်းအဝေးမှာ ကျွန်တော့်တို့ဒေကို လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတင်ပြထားတဲ့အတွက် ပြည်နယ်အစိုးရ ၊ ဗဟိုအစိုးရအဆင်ဆင့်က စီ စစ်ပြီး  လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ်သတ်မှတ်လိုက်ပါတယ်။ အခုအခါ မြို့နယ်အတွင်း က ၀န်ထမ်းတွေကို လစာ ၂ ဆတိုးပေးဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစာရင်းပြုစုနေပြီလို့ မနေ့က လွတ်တော်အစည်း အဝေးမှာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက လာပြီဖြေကြား သွားပါတယ်” ဟု သူက ပြောသည်။

မြေပုံမြို့နယ်မှာ အမှန်တကယ် လူမှုဖွံ့ဖြိုးမှုနိမ့်ကျနေပြီး ၀န်ထမ်းများမှာ လစာဝင်ငွေနှင့် မလောက်ငှ သည့်အတွက် ယခုကဲ့သို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးဖေသန်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကုန်းဈေးမြင့်မားပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊ ၀င်ငွေနိမ့်ကျသည့် ဒေသများကို ပြည်ထောင်စုအစိုးရမှ လူမှုရေးခက်ခဲသည့်ဒေသအဖြစ် မြို့နယ်ပေါင်း ၁၀၀ ကျော်သတ် မှတ်ထား သည်။

ယခုတိုးပေးမည့် ၀န်ထမ်းများအား လစာ ၂ ဆတိုးမြှင့်ခံစားပြုရန် အစိုးရမှ စီစဉ်နေပြီဖြစ်သော် လည်း မည့်သည့်လတွင် စတင်ခံစားရမည်ကို မသိရှိရသေးကြောင်း ဦးဖေသန်းက ခုကဲ့သို့ ဆက်ပြောသည်။

“ ဘယ်လောက်မှ စပေးမယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ဘူး။ ဒီကြားထဲမှာပေးချင်လည်း ပေး နိုင်တယ်။ ဒါပေမဲ့ ၂၀၁၅၊ ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့သေချာတယ်။ ဘာကြောင့်လည်း ဆိုတော့ အစိုးရလုပ်ထုံး လုပ်နည်းအရ အဆင့်ဆင့်လုပ်ရမယ်၊စိစစ်ရမယ်၊ အတည်ပြုရမယ်ဆိုတော့ ကြာချင် လည်းကြာနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်မှ မောင်တော၊ မာန်အောင်၊ တောင်ပြိုလက်ဝဲမြို့နယ်များကို လူမှုရေးဖွံ့ဖြိုး မှုနိမ့်ကျ သည့် ဒေသ အဖြစ်သတ်မှတ်ထားပြီး အစိုးရ၀န်ထမ်းများကို မူရင်းလစာ ၂ ဆကို အစိုးရက တိုးမြှင့် ခံစားခွင့် ပြုထားသည်။

ယခုအခါ မြေပုံမြို့နယ်ကိုပါ လူမှုဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စုအစိုးရမှ သတ်မှတ် လိုက်သည့်အတွက် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းများမှာ လစာ ၂ ဆတိုးမြှင့် ခံစားခွင့် ရရှိကြတော့မည်ဖြစ်သည်။

(နိရဉ္စရာ- ၃ အောက်တိုဘာ ၂၀၁၄) / မောင်အေးရခိုင်ပြည်နယ် မြေပုံမြို့နယ်ကို လူမှုဖွံ့ဖြိုးမှု နိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စု အစိုးရမှ သတ်မှတ် လိုက်သည့် အတွက် မြေပုံမြို့နယ်အတွင်း တာဝန်ထမ်းဆောင် နေကြသည့် အစိုးရ ၀န်ထမ်းများ အနေဖြင့် လစာ (၂) ဆ တိုးမြှင့် ခံစားရတော့မည် ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွတ်တော်ကိုစားလှယ် ဦးသန်းဖေက ပြည်သူ့လွတ်တော်တွင် မြေပုံမြို့နယ်ကို လူမှုရေးခက်ခဲသည့် ဒေသအဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုထားခဲ့သည်။ ယင်းနောက်ပိုင်းတွင် လွတ်တော်က ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သိရသည်။

“ကျွန်တော်က လွတ်တော်အစည်းအဝေးမှာ ကျွန်တော့်တို့ဒေကို လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတင်ပြထားတဲ့အတွက် ပြည်နယ်အစိုးရ ၊ ဗဟိုအစိုးရအဆင်ဆင့်က စီ စစ်ပြီး လူမှုရေးခက်ခဲတဲ့ ဒေသအဖြစ်သတ်မှတ်လိုက်ပါတယ်။ အခုအခါ မြို့နယ်အတွင်း က ၀န်ထမ်းတွေကို လစာ ၂ ဆတိုးပေးဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစာရင်းပြုစုနေပြီလို့ မနေ့က လွတ်တော်အစည်း အဝေးမှာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက လာပြီဖြေကြား သွားပါတယ်” ဟု သူက ပြောသည်။

မြေပုံမြို့နယ်မှာ အမှန်တကယ် လူမှုဖွံ့ဖြိုးမှုနိမ့်ကျနေပြီး ၀န်ထမ်းများမှာ လစာဝင်ငွေနှင့် မလောက်ငှ သည့်အတွက် ယခုကဲ့သို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးဖေသန်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကုန်းဈေးမြင့်မားပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊ ၀င်ငွေနိမ့်ကျသည့် ဒေသများကို ပြည်ထောင်စုအစိုးရမှ လူမှုရေးခက်ခဲသည့်ဒေသအဖြစ် မြို့နယ်ပေါင်း ၁၀၀ ကျော်သတ် မှတ်ထား သည်။

ယခုတိုးပေးမည့် ၀န်ထမ်းများအား လစာ ၂ ဆတိုးမြှင့်ခံစားပြုရန် အစိုးရမှ စီစဉ်နေပြီဖြစ်သော် လည်း မည့်သည့်လတွင် စတင်ခံစားရမည်ကို မသိရှိရသေးကြောင်း ဦးဖေသန်းက ခုကဲ့သို့ ဆက်ပြောသည်။

“ ဘယ်လောက်မှ စပေးမယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ဘူး။ ဒီကြားထဲမှာပေးချင်လည်း ပေး နိုင်တယ်။ ဒါပေမဲ့ ၂၀၁၅၊ ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့သေချာတယ်။ ဘာကြောင့်လည်း ဆိုတော့ အစိုးရလုပ်ထုံး လုပ်နည်းအရ အဆင့်ဆင့်လုပ်ရမယ်၊စိစစ်ရမယ်၊ အတည်ပြုရမယ်ဆိုတော့ ကြာချင် လည်းကြာနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်မှ မောင်တော၊ မာန်အောင်၊ တောင်ပြိုလက်ဝဲမြို့နယ်များကို လူမှုရေးဖွံ့ဖြိုး မှုနိမ့်ကျ သည့် ဒေသ အဖြစ်သတ်မှတ်ထားပြီး အစိုးရ၀န်ထမ်းများကို မူရင်းလစာ ၂ ဆကို အစိုးရက တိုးမြှင့် ခံစားခွင့် ပြုထားသည်။

ယခုအခါ မြေပုံမြို့နယ်ကိုပါ လူမှုဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသအဖြစ် ပြည်ထောင်စုအစိုးရမှ သတ်မှတ် လိုက်သည့်အတွက် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းများမှာ လစာ ၂ ဆတိုးမြှင့် ခံစားခွင့် ရရှိကြတော့မည်ဖြစ်သည်။

(နိရဉ္စရာ- ၃ အောက်တိုဘာ ၂၀၁၄) / မောင်အေး

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ