
အာက်တိုဘာလ ၁ ရက်၊ ကွာလာလမ်ပူ-
ဘဏ်ခွဲ ၃ ခုရှိ အေတီအမ် စက်များအဟက်
ခံရကာ ငွေသား ရင်းဂစ် ၄ သိန်းခွဲနီးပါး
အခိုးခံရ၍ဖောက်ထွင်းခိုးယူမှုဖြင့် သကာင်္မကင်းသောလက်တင်အမေရိကန်
အဖွဲ့ကို ရဲတပ်ဖွဲ့က နိုင်ငံတစ်ဝှမ်းနေရာအနှံ့
ရှာဖွေလျက် ရှိသည်။ အေတီအမ်ဟက်
လုပ်ခြင်းများ ဆက် လက်ဖြစ်ပွားခဲ့ပြီး၊ ဟက်ကာအဖွဲ့သားတစ်ဦးက ယမန်နေ့တွင် ဂျလန်းအင်ဘီး ရှိ ယူအိုဘီ ဘဏ်ခွဲမှ ရင်းဂစ် ၉၂၉၀၀ ခိုးထုတ်ခဲ့သည်ဟု သတင်းပို့ထားသည်။
စီစီတီဗီမှတ်တမ်းအရ သံသယရှိသူသည် ဘဏ်အတွင်းသို့ ၄ ကြိမ်တိတိ ၀င်ချည်ထွက်ချည်လုပ်ခဲ့ပြီး၊ အကြိမ်တိုင်းတွင် အ၀တ်အစားမထပ်စေရန် လဲထားသည်ဟု ကွာလာလမ်ပူရဲအဖွဲ့က ပြောသည်။
အေတီအမ်စက်ရှေ့ရောက်ရင် အဲဒီလူက ဟမ်းဖုန်းထုတ် တယ်။ စက်ပေါ်က ခလုတ်တစ်ခုမှမထိဘဲ ပိုက်ဆံတွေထွက်လာအောင် လုပ်နိုင်ဖို့ပေါ့။ တနင်္လာနေ့မှာ ဘဏ်က စာရင်းစစ်ကြည့်တော့ ဟက်လုပ်ခံရတယ်ဆိုတာသိရတယ်’ဟု သတင်းရပ်ကွက်တစ်ခုက ဆို သည်။
မလက္ကာတွင် တမန်မီလက်ကာရာယာရှိ ဘဏ်နှင့် ဘဏ်ခွဲမန်နေ ဂျာများက ၄င်းတို့အေတီအမ်စက်များမှ ငွေသား ရင်းဂစ် ၃၅၅၅၇၀ တိတိပျောက်ဆုံးကြောင်း တိုင်ချက် ဖွင့်ထားကြသည်။
စီစီတီဗီမှတ်တမ်းအရ လူ ၂ ဦးမှ ၃ ဦးပါ ၀င်သောအဖွဲ့များသည် စက်တစ်မျိုးတည်းဖြင့် ၄င်းတို့အေတီအမ်များမှငွေကို ထုတ် ယူခဲ့ကြသည်ဟု ဘဏ် ခွဲမန်နေဂျာ ၂ ဦးစလုံးက တိုင်တန်းထားသည်။
ဆုံးရှုံးသွားသောငွေပမာဏမှာ ဘဏ်ခွဲမှ လူ ၂ ဦးထုတ်သည့် ရင်းဂစ် ၂၃၂၇၇၀ ဖြစ်ပြီး၊ ဘဏ်ခွဲမှ လူ ၃ ဦးထုတ်သည့် ရင်းဂစ် ၁၂၂၈၀၀ ဖြစ်ကြောင်း တိုင်ကြားချက်တွင်ဖော်ပြသည်။
ဒီ့ပြင်ပြည်နယ်တွေမှာ လည်း ဒီအတိုင်းပဲဖြစ်သွားတယ်’ဟု အက်စ်အေစီချွ က ပြောသည်။
လက်ရှိအချိန်ထိ အေတီအမ်စက်များဟက်၍ငွေခိုးမှု ၁၈ မှုဖြစ်ပွား ခဲ့ပြီး၊ ဆုံးရှုံးသွားသောစုစုပေါင်းငွေပမာဏ ရင်းဂစ် ၃.၁ သန်းခန့်ရှိသည်။
စီစီတီဗီမှ မှတ်တမ်းတင်ထားသည့် အေတီအမ်စက်များ ဟက်လုပ်ကာ ငွေခိုးယူသူလက်တင်အမေရိကန် ၅ ဦး၏ဓါတ်ပုံများကို ထုတ်ပြန်ထားပြီး ၄င်းတို့ကို အမိဖမ်းနိုင်ရန် နိုင်ငံတော်ရဲတပ်ဖွဲ့က (အော်ပရာစီ)အစီအစဉ်ကိုနိုင်ငံတစ်ဝှမ်းပြု လုပ်သွားမည်ဖြစ်သည်။
မသမာသူများသည် အေတီ အမ်စက်အပေါ်ဆုံးအပြားကိုဖွင့်ချကာ ငွေထုတ်စက်စီဒီရွမ်ထဲသို့ စီဒီဓါတ်ပြား တစ်ခုထည့်ပြီး၊ ဗိုင်းရပ်စ်ကူးသွားရန် ပြုလုပ်ကြောင်းဟု ဘူကစ်အာမန်ကုန်သွယ်မှုခင်းစုံစမ်းရေးဌာန ညွှန်ကြားရေးမှူး ဒါသွတ်ဆယ်ရီမော်တဒ် ဇာနာဇရင်းက ထုတ်ပြောသည်။
စီဒီဓါတ်ပြားကိုပြန်ထုတ်ပြီးနောက် အပြားကိုပြန်ပိတ်ချကာ မသမာအဖွဲ့သားများသည် အေတီအမ်စက်ရှိငွေထုတ်ယူနိုင်ရန် အခြားအဖွဲ့သားတစ်ယောက်က ဖုန်းဖြင့် ပေးပို့သောကုတ်နံပါတ် များကို ရိုက်သွင်းသည်။
မသမာသူများသည် နောက်လူများက ငွေဆက်မထုတ်နိုင်ရန် အေတီအမ်ကဒ်ထုတ်သည့်အပေါက်များကို ဆင်းမ်ကဒ်၊ စက္ကူ သို့မဟုတ် စီးကရက်အစီခံများဖြင့် ဆို့ထားတတ်သည်။
ပစ်မှတ်ထားသောအေတီအမ်စက်များကို သော့တစ်ချောင်းတည်းဖြင့် ဖွင့်နိုင်လိမ့်မည်ဟု ဘူကစ်အာမန် စီစီအိုင်ဒီလက်ထောက်ညွှန် ကြားရေးမှူးဒါသွတ်ဟမ်ဇာတိုက် က ပြောသည်။
တိုင်ဖုံးတိုင်းမှာ မတူတဲ့သော့တွေရှိ သင့်တယ်။ ဒါပေမဲ့ အခုဟာက အဲဒီကိစ္စမဟုတ်ဘူး။ ကြည့်လိုက်ရင်တော့ သူတို့လုပ်နေတဲ့ကိစ္စမှာ သူတို့လုံးဝအကူအညီမလိုဘူး’ဟု သူက ဆက်ပြောသည်။ ပစ်မှတ်ထားသောဘဏ်များတွင် အတွင်း လူ၏အကူအညီလိုအပ်မည်မဟုတ်ဟု အရာရှိက ငြင်းဆိုသည်။
စုံးစမ်းစစ်ဆေးရေးလုပ်ဆောင်နေသောရဲများထံ သတင်းပို့လိုလျှင် ဖုန်းနံပါတ် 109-600-0135 သို့မဟုတ် 03-261-6839 မှတစ်ဆင့် SAC Kamuruddin ကိုဆက်သွယ် နိုင်သည်။
မျက်ရှင်
0 comments