Related Posts Plugin for WordPress, Blogger...

Photo: အမျိုးသမီးများကို အရက်မရောင်းရ မူဝါဒ ချမှတ်မည့် အစီရင်ခံစာ လွှတ်တော်တင်မည်

 အမျိုးသမီးတိုင်းကို အရက်ရောင်းချခွင့်မပြုရန်
 ယမကာသုံးစွဲမှု လျော့နည်းရေး မူဝါဒနှင့်
မဟာဗျူဟာဆိုင်ရာ အစီရင်ခံစာတွင်
ထည့်သွင်းထားကြောင်း ပြည်သူ့ကျန်းမာရေး
 ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့်

လူမှုရေးပညာအဖွဲ့ နာယက ဦးသန်းစိန် က ပြောသည်။

အဆိုပါ အစီရင်ခံစာကို အောက်တိုဘာလ ဒုတိယပတ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့ ပေးပို့သွားမည်ဟု ဆိုသည်။
ခေါင်ရည်အပါအဝင် နေအိမ်၌ ချက်လုပ်သည့် ချက်အရက်များကို ယစ်မျိုး ဥပဒေဖြင့် အရေးယူရန်၊ အရက် ဝယ်ရာတွင် ခက်ခဲစေရေးအတွက် အသက်ကန့် သတ်ရန် တောင်းဆိုထားသည်။

တစ်ဖန် အမျိုးသမီးများကို အရက် မရောင်းရန်၊ အမျိုးသားများဖြစ်ပါက လက်ရှိ သတ်မှတ်ထားသည့် အသက် ၁၈ နှစ် ထက် အသက်တိုးမြှင့်သတ်မှတ်ရန်၊ အရက် ရောင်းချခွင့်ရှိသည့် နေရာ၊ အချိန်၊ နေ့ရက်များကို အတိအကျ သတ်မှတ်ရန်တို့လည်း အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည်။

ထို့ပြင် ဘာသာရေး နေ့ရက်များတွင် အရက်ရောင်းချခွင့်မပြုရန်၊ အမျိုးသမီးများအား အရက်ရောင်းချခြင်းကို တားမြစ်ရန်၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို အရက်ဝယ်ယူခွင့် မပြုရန်နှင့် အမျိုးသမီးနှင့် ကလေးများကို အရက်ဆိုင်များတွင် လုပ်ကိုင်ခွင့်မပြုရန်၊ အရက်ကင်းစင်ရေး နယ်မြေများ ဖော်ထုတ်ရန် စသည့် အချက်များကိုလည်း ထည့်သွင်းထားသည်။

ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်မှ မနန်းဖူးက “တိုက်ရိုက်ခွဲခြားဆက်ဆံ လိုက်တာပဲ။ မိသားစု စားဝတ် နေရေးအတွက် အရက်၊ ဘီယာရောင်း နေရသူတွေရှိတယ်။ သူတို့အတွက် အသက်မွေး ဝမ်းကျောင်း အလုပ်တွေမပေးဘဲနဲ့ ဒီဥပဒေက ဘယ်လောက် ကာကွယ်ပေးနိုင်မှာလဲ” ဟု ပြောသည်။

သို့သော် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကာကွယ်ရေးနှင့် လူမှုရေးပညာအဖွဲ့ နာယက ဦးသန်းစိန်ကမူ “အရက်ကင်းစင် နယ်မြေတွေကို ချက်ချင်း မသတ်မှတ်သေးဘဲ ဒီဒေသအတွင်းမှာ အရက် စွဲတဲ့ သူဘယ်နှဦးရှိလဲ၊ တစ်လကို အရက်ရောင်းချခွင့် ဘယ်နှရက် သတ်မှတ်မလဲ ဆိုတာမျိုးကို ဒေသအလိုက် လူထုထံက ကောက်ယူမယ်။ ဒီလိုနည်းနဲ့ အရက်ကင်းစင်နယ်မြေကို ဖြည်းဖြည်းချင်း သတ်မှတ်မယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း အရက်ကင်းစင် နယ်မြေများသတ်မှတ်ရန် ကျန်းမာရေး ၀န်ကြီးဌာနနှင့် စည်ပင်သာ ယာရေး ကော်မတီတို့ ပူးပေါင်းကာ စိတ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းနယ်မြေများအဖြစ် သန်လျင်၊ လှည်းကူး၊ မှော်ဘီမြို့နယ် အပါအဝင် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ နယ်မြေများတွင်လည်း ကောက်ခံမည်ဖြစ်သည်။

အရက်ယမကာသုံးစွဲမှု လျော့နည်းစေရေးမူဝါဒနှင့် မဟာဗျူဟာများ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၂၈၊ ၂၉ ရက်၌ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လွှတ်တော်အမတ်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဆွေးနွေးချက်များကို ကောက်နုတ်ရေးဆွဲထားခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ဇွန်လက  ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့်  ဖျော်ယမကာ ဖျော်စပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။

 (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)အမျိုးသမီးတိုင်းကို အရက်ရောင်းချခွင့်မပြုရန်

(ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

Posted by Arakan News on 10/05/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ