Related Posts Plugin for WordPress, Blogger...

ဓာတ်ပုံ- ခွပ်ဒေါင်းရှေ့တန်းတင်၍ နောက်တွင် ပျောက်နေသူ တစ်ဦး

 ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးေ သာ ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင် တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။ ပြင်ဦးလွင်မြို့နယ်တရားရုံးမှ အမှု အား စစ်ဆေးခွင့်ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင်ဖြစ် သူ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်း စားဖြစ်ခဲ့ကြ ပြီး ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင် အား လက်ထပ်ပါ မည်ဟု ယုံ ကြည်အောင် ပြောဆိုကာ ကာမရယူ ခဲ့ပြီး ကိုယ်ဝန်ရရှိခဲ့ကြောင်း ကလေး၏ အသက် ၁ နှစ်နှင့် ခြောက်လအရွယ်တွင် လက်ထပ်ရန် တောင်းဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ထို့ကြောင့် ပြင်ဦး လွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ တိုင် ကြားခဲ့ပြီး ဦးကျော်သီ ဟနေထိုင် သည့် ရပ်ကွက်မှ လူကြီးများမှညှိနှိုင်းပေး သဖြင့် မယားစရိတ်၊ ကလေးစရိတ် အဖြစ် ငွေကျပ်လေး သိန်းအား ပေးချေခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှု မပြုလုပ်တော့ကြောင်း အဆိုလွှာတွင် ပါရှိသည်။

 ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင် ဝတ်ရည်သန္တာမောင် တို့မိသားစုမှာ စား ဝတ်နေရေးခက်ခဲနေသဖြင့် ကလေး အား သားအဖြစ်လက်ခံထောက်ပံ့ကူညီ ရန် အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦး က ပြော သည်။ ဦးကျော်သီဟသည် ၂ဝ၁၂ ခုနှစ် ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက် ပွဲတွင် NLD ပါတီမှ ဝင် ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦး လွင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ဖြစ်သည်။

From: Popular Myanmar News Journal

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ