Related Posts Plugin for WordPress, Blogger...



အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ရန် ရောက်ရှိနေသူများက မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူကားမှတ်တိုင် အနီးတွင် စုဝေးနေစဉ်။ (ဓာတ်ပုံ-ကေဇူး၊မဇ္ဈိမ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်) စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ရန် ဒီမိုကရေစီအင်အားစုများ နှင့် တက်ကြွလှုပ်ရှားသူများရောက်ရှိခဲ့သော်လည်း ဦးဆောင်မည့်သူ မရှိသဖြင့် ဆန္ဒထုတ်ဖော်ပွဲပျက်ခဲ့သည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့်သူများက ခွင့်ပြုမိန့်မရရှိသဖြင့် စုရပ်သို့ လာရောက်ခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ကြားခြင်းခံရသော တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများသာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူ ကားမှတ်တိုင် အနီး စုရပ်သို့ရောက်ရှိကာ နာရီ ၀က်ခန့်စုဝေးခဲ့သည်။

“ခွင့်ပြု မိန့်မရလို့ မလုပ်တော့ဘူးဆိုရင် ကြိုတင်အကြောင်းကြားသင့်တယ်၊ပုဒ်မ ၁၈ ကို ကြောက်ရင် နိုင်ငံရေးလုပ်စရာမလိုဘူး”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ အားဖြည့်ကူညီရန် ရောက်ရှိခဲ့သော မင်္ဂလာတောင်ညွှန့်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသောင်းဌေးကပြောသည်။

ဆန္ဒထုတ်ဖော်ရန် သတ်မှတ်ထားသည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ တာမွေမြို့နယ်၊ မြောက်ဥက္ကလာ မြို့နယ် နှင့် သင်္ကန်းကျွန်းမြို့နယ်တို့မှ ပူးပေါင်းဆန္ဒထုတ်ဖော်မည့်သူ ၆၀ ခန့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Posted by Arakan News on 8/10/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ