Related Posts Plugin for WordPress, Blogger...



အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွ တပ်ဖွဲ့များကို အမေရိကန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ISIS တို့ကို တိုက်ခိုက်ရန် ပစ်မှတ်များ သတ်မှတ် အတည်ပြုပေးခဲ့ပြီးနောက် (၉)နာရီအကြာ၊ ဩဂုတ်(၈)ရက်မှ စတင်ပြီး အမေရိကန် တိုက်လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များက စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်သည်။

အီရတ်မြောက်ပိုင်း အာဘီလ်မြို့တွင် ISIS တို့၏ ယာဉ်တန်းကို အမေရိကန် လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ISIS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်က လေကြောင်းစစ်ဆင်ရေး အနည်းဆုံး (၂)ကြိမ် ပြုလုပ်ကာ ပစ်မှတ်ထား ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ISIS တို့သည် ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် အမည်ပြောင်းလဲ ထူထောင်ထားသည်။ ပင်တဂွန် စစ်ဌာနချုပ်က ဆွန်နီအစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့များအပေါ် လေကြောင်းမှ စစ်ဆင်ရေးနှစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြားကို သုတ်သင်နိုင်ခဲ့သလို ယာဉ်တန်းမှ မော်တော်ယာဉ် (၇)စီးထက်မနည်း ပျက်စီးသွားကြောင်း ကြေညာခဲ့သည်။

“လေကြောင်းထိုးစစ်က စစ်သွေးကြွတွေ စီစဉ်ထားတဲ့ လမ်းကြောင်းနှစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ လေယာဉ်တစ်စီးစီက လေဆာလမ်းညွှန်စနစ် ဗုံးတစ်လုံးစီ ကြဲချပြီး ယာဉ်တန်းကို ဖျက်ဆီးပစ်ခဲ့တာပါ။ စုစုပေါင်း ဗုံး(၈)လုံး ကြဲချခဲ့ပါတယ်”ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ ယင်းမတိုင်မီက အာဘီလ်မြို့ အနီးတွင် လေဆာလမ်းညွှန်စနစ် ပါရှိသည့် ပေါင်(၅၀၀) ဗုံးနှစ်လုံးကို အမေရိကန် လေယာဉ်များက ကြဲချခဲ့သေးသည်။

ဩဂုတ်(၈)ရက် နံနက်အစောပိုင်းက ပင်လယ်ကွေ့တွင် ရှိနေသည့် လေယာဉ်တင် သင်္ဘောပေါ်မှ ပျံတက်လာသည့် F/A-18 တိုက်လေယာဉ် နှစ်စီးသည် သတ်မှတ်ထားသည့် ပစ်မှတ်နေရာကို ဗုံးများကြဲသွားခဲ့သည်။ ပစ်မှတ်သည် ISIS တို့၏ ရွေ့လျားလက်နက်ကြီး ယူနစ်များဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် အီရတ်စစ်တပ်ကို အကြံပေး ကူညီမှုများ ပြုလုပ်နေရာ ISIS တို့အတွက် ရန်သူသဖွယ် ဖြစ်လာသည်။

“သမ္မတရဲ့ အတွေးအမြင်က အရမ်းရှင်းပါတယ်။ ISIS ရဲ့ ရပ်တည်ချက်က အမေရိကန် စစ်သည်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဦးတည်နေသ၍ အမေရိကန်က သူတို့ကို တိုက်ရိုက် အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဂျွန်ကာဘီက ဆိုသည်။ အိုဘားမားက ISIS တို့ကို လေကြောင်းမှ ထိုးစစ်ဆင်ခြင်းသည် အမေရိကန်က နောက်ထပ် အီရတ်စစ်ပွဲတစ်ရပ် ဆင်နွှဲခြင်း မဟုတ်ဟု ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် ကတိပြု ပြောကြားထားခဲ့သည်။

“လေကြောင်းထိုးစစ် ဆင်နွှဲခြင်းဟာ အမေရိကန် စစ်သည်တွေကို အကာအကွယ်ပေးဖို့၊ စစ်သွေးကြွတွေရန်က တိမ်းရှောင်ရင်း တောင်တန်းဒေသတွေမှာ ပိတ်မိနေတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ အီရတ်ပြည်သူတွေကို လူသားချင်း စာနာတဲ့ အနေနဲ့ ကူညီဖို့ပဲ ရည်ရွယ်ပါတယ်။ အဲဒီလို တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ အစာရေစာ ပြတ်လပ်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါတယ်”ဟု အိုဘားမားက ဆိုသည်။ ၎င်းက “ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်မှုမှာ အီရတ်နိုင်ငံကို ထောက်ပံ့ ကူညီသွားမှာပါ။ ဒါပေမဲ့ အီရတ်မှာ တိုက်ပွဲဝင်ဖို့အတွက်တော့ အမေရိကန် စစ်သည်တွေ ပြန်သွားမှာ မဟုတ်ပါဘူး”ဟုလည်း အတည်ပြုခဲ့သည်။

ကျွမ်းကျင်သူများက အမေရိကန်၏ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့များ၏ ပူးပေါင်းပါဝင်မှု မရှိဘဲ လေကြောင်းမှ တိုက်ခိုက်ပေးရုံ သက်သက်ဖြင့် ISIS တို့ ချုပ်ထိန်းထားသည့် ဒေသများကို အီရတ်စစ်တပ်များ ပြန်လည် သိမ်းယူနိုင်ဖွယ် မရှိကြောင်း ဝေဖန်ထောက်ပြထားသည်။ လတ်တလောတွင် ဗြိတိန်ကလည်း အမေရိကန်နှင့်အတူ ISISတို့ကို လေကြောင်းထိုးစစ် ဆင်နွှဲရန် အလေးအနက် စဉ်းစားနေကြောင်း သိရှိရသည်။

_Ref: Xinhuanet

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ