Related Posts Plugin for WordPress, Blogger...



လက်နက်ခဲယမ်း ပြန်လည် ဖြည့်တင်းနိုင်ရေး အကူအညီပေးရန် အစ္စရေး၏ တောင်းဆိုမှုကို အမေရိကန်က သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

ဂါဇာရှိ ကုလသမဂ္ဂ ကျောင်းတစ်ကျောင်းကို အစ္စရေး လက်နက်ကြီးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း (၁၆)ဦးထက်မနည်း သေဆုံးကြောင်း စွပ်စွဲမှုများကို အမေရိကန် အစိုးရက ရှုတ်ချထားသည့်တိုင် ဇူလိုင်(၃၀)ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်က အစ္စရေးကို စစ်လက်နက်များ ရောင်းချပေးမည့် အစီအစဉ်ကို လက်ခံကူညီပေးရန် သဘောတူညီပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။

အိမ်ဖြူတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ကျောင်းဝင်းထဲ လက်နက်ကြီး ပစ်ခတ်မှုကို ဆန့်ကျင်ကြောင်း ကြေညာထားချိန်တွင် ကာကွယ်ရေးဌာနက အစ္စရေးကို စစ်လက်နက် ထောက်ပံ့မည့် အစီအစဉ်ကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးသည် လတ်တလောတွင် ပါလက်စတိုင်း အခြေစိုက် ဟားမားစ် စစ်သွေးကြွတို့နှင့် စစ်ဖြစ်နေပြီး ယင်းအတွက် အမေရိကန်ထံမှ လက်နက်ဝယ်ယူခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။

ပင်တဂွန်က ဇူလိုင်(၂၀)ရက်တွင် အစ္စရေးသည် ၎င်းတို့၏ လက်နက်တိုက်ကို ပြန်လည်ကူညီ ဖြည့်ဆည်းရန် တောင်းဆိုခဲ့ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနက နောက်ထပ် (၃)ရက်အကြာတွင် ကာကွယ်ရေး ဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း ဆိုသည်။ “အမေရိကန် ပြည်ထောင်စုဟာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် အခိုင်အမာ ထောက်ခံ ရပ်တည်နေမှာပါ။ အစ္စရေးရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင် ထိန်းသိမ်းထားနိုင်အောင် ကူညီရေးဟာ အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွားတစ်ရပ် အသွင် ဆောင်ပါတယ်။ ကာကွယ်ရေး ပစ္စည်းတွေ ရောင်းချခြင်းဟာ ဒီလုပ်ဆောင်မှုမှာ အပါအဝင် ဖြစ်ပါတယ်”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်းသေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

အမေရိကန်သည် အစ္စရေးတွင် လျှို့ဝှက်လက်နက်တိုက် တစ်ခုကို ထားရှိပြီး အရေးကြုံပါက အစ္စရေးက ထိုလက်နက်တိုက်မှ ခဲယမ်းမီးကျောက်များကို ဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။ အစ္စရေးသည် လက်နက်ခဲယမ်း ဒေါ်လာ တစ်ဘီလီယံဖိုးမျှကို အမေရိကန်ထံမှ ကနဦး ဝယ်ယူဖွယ် ရှိနေကြောင်း သိရသည်။

ဂါဇာတွင် ဇူလိုင်(၈)ရက်က စတင်သော အစ္စရေး ထိုးစစ်ကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း (၁၃၀၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ တစ်ဖက်တွင် ဟားမားစ်တို့က အစ္စရေး ပိုင်နက်ဘက်သို့ ဒုံးကျည်များ ပစ်ခတ်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးက တိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်နေဆဲဖြစ်သည်။

Posted by Arakan News on 8/01/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ