Related Posts Plugin for WordPress, Blogger...

မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (Visit Visa) ဖြင့်သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၉၂ ဦးသည် ၎င်းတို့ ကိုင်ဆောင်ထားသောဗီဇာများမှာ အတုများဖြစ်နေသောကြောင့် မလေးရှားနိုင်ငံလေဆိပ်တွင် ဖမ်း ဆီးခံရကြောင်း သတင်းရရှိသည်။


ဇူလိုင် ၈ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၂ ဦးနှင့် ဇူလိုင် ၂၄ ရက်တွင်သွားရောက်သော မြန်မာနိုင်ငံသား ၂၀ ဦးတို့မှာ ဗီ ဇာအတုများဖြစ်နေသောကြောင့်မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ် ရေးက လေဆိပ်တွင်ဖမ်းဆီးထား ပြီး အကျဉ်းထောင်များသို့ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။ ၎င်းတို့သည် ကြိမ်ဒဏ်အပါအဝင် အနည်းဆုံးထောင်ဒဏ်ခြောက်လ ကျခံရဖွယ်ရှိကြောင်း ဖမ်းဆီးခံရမှုတွင် ပါဝင်သော မိသားစုဝင်များကပြောကြားသည်။

ဖမ်းဆီးခံထားရသူများ အတွက် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ကိုင်တွယ်ဖြေရှင်းနေ ကြောင်း သံရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘လူဦးရေက ရေတွက်နေ တုန်းပဲရှိသေးပါတယ်။ အဲဒီ သတင်းကြားတဲ့နေ့က လေဆိပ်ကိုသွားပြီး ဆက်သွယ်ခဲ့ပါတယ်။အခုချိန်မှာ ပြောလို့မရသေးပါဘူး။ သံရုံးကတော့ ဖြေရှင်းပေးဖို့လုပ် နေပါတယ်’’ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

‘‘မလေးရှားကိုအလည်လာ ဖို့ ကျွန်တော့်တူကိုခေါ်လိုက်တာ ဗီဇာကအတုတွေဖြစ်နေလို့ ဖမ်း ဆီးခံထားရတယ်။ သူတို့ကို ပထ မလေဆိပ်စခန်းမှာ နှစ်ပတ်ထား ထားတယ်။ ခုတော့ ထောင်မှာ ပြောင်းထားတယ်။ သူတို့အတွက် စိတ်ပူနေကြတယ်။ အခုဖမ်းခံထားရတဲ့သူတွေက အလည်လာတဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ ကြားတာတော့ တစ်ယောက်ကို ကြိမ်ဒဏ်အပါအဝင် ထောင်အ နည်းဆုံးခြောက်လလောက်ကျ မယ်လို့ကြားနေတယ်။ အခုသံရုံး ကိုသွားပြီး အကူအညီတောင်း မလို့လုပ်နေကြတာပါ’’ဟု ဇူလိုင် ၈ ရက်တွင် ပဲခူးမြို့မှ မလေးရှား နိုင်ငံသို့လာရောက်လည်ပတ်ရာ တွင် ဖမ်းဆီးခံရသူ ကိုချမ်းမြေ့ အောင်၏ အစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူကိုလှိုင်မျိုးသန့်က ပြောသည်။

ဗီဇာစာအုပ်များကို အကျိုး ဆောင်မှတစ်ဆင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၈ ရက်က ဖမ်းဆီးခဲ့ရသည့် ၇၂ဦးကို လိုက်ပါပို့ဆောင်ပေးသော အေးဂျင့်သုံးဦးကိုလည်း မလေးရှားအစိုးရက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသောအမျိုးသားများကို ဆွန်ငိုင်းဘူးလို့ထောင်တွင်ထားရှိပြီး အမျိုးသမီးများကို ဆာချန့်ထောင်တွင်ထားရှိကာ သြဂုတ် ၁၂ ရက်တွင် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ အလည်ဗီဇာအတုတွေ ကိုင်ဆောင်လို့ ဖမ်းထားတာလို့မလေးရှား လူဝင်မှုကြီးကြပ်ရေးက ပြောတယ်။ အုပ်စုလိုက်ကြီးဆိုတော့လူကုန်ကူးခံရတဲ့ သဘောပဲ၊ သေချာစစ်ဆေးဖို့တော့ လိုနေတယ်။ အဲ့ဒီထဲမှာ အလည်လာရောက်လည်ပတ်တဲ့ သူတွေပါနေတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက လာပြောထားတာတွေရှိတယ်’’ဟု မလေးရှားနိုင်ငံမြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ