Related Posts Plugin for WordPress, Blogger...

....... News Watch


အွန်လိုင်းမီဒီယာတချို့တွင် “MOU အလုပ်သမား၂၆ ဦး လုပ်အားခ မရ၍ ဘောစကိုင်းရွက်များ ပြုတ်စားနေရ”ဟူ၍ ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ သွားရောက်၍ ဖြေရှင်းပေးခဲ့ကြောင်း အဆိုပါအလုပ်သမားများအား ပို့ဆောင်ပေးခဲ့သော ရွှေရည်ဖြိုးအောင်ကုမ္ဗဏီမှ ဒါရိုက်တာကိုမိုးကျော်က News Watch ဂျာနယ်သို့ ပြောပြခဲ့သည်။

“ကျွန်တော်တို့ကုမ္ဗဏီက အလုပ်သမားတွေ အဲဒီလိုဖြစ်နေကြောင်း အွန်လိုင်းမှာတွေ့ရတော့ ၀န်ကြီးဌာနက ရှင်းဖို့ ပြောပါတယ်။ ကျွန်တော်တို့သွားရောက် ရှင်းတော့ အဲ့ဒီအချိန်မှ ထိုင်းနိုင်ငံရဲ့ အခြေအနေက သိပ်မကောင်းဘူး။ အဲဒါကြောင့် ကုမ္ပဏီဘက်က လစာရှင်းဖို့နောက်ကျတာပါ။ မြန်မာလူမျိုးတွေက လစာထုတ်ရင် အိမ်ပြန်ပို့ရမယ်ဆိုတော့ ဒုက္ခရောက်ရတာ ပေါ့။ ကျွန်တော်တို့ သွားဖြေရှင်းတော့ အဆင်ပြေသွားပါပြီ”ဟု ကိုမိုးကျော်က ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာ အလုပ်သမားအေဂျင်စီနှင့် ထိုင်း AS Associate Engineering (1964) Co.Ltd တို့ ညှိနှိုင်း၍ အလုပ်သမားများ၏ လိုအပ်ချက်များအား ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ မြန်မာအလုပ်သမား ၂၆ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ဘန်ကောက် မြို့တွင် အလုပ်သမားသံအရာရှိထံ သတင်းပို့တင်ပြပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် အလုပ်သမား ၂၁ ဦးကို ၎င်းတို့၏ နယ်မြေအရောက် ကုမ္ဗဏီမှ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကိုမိုးကျော်က ပြောသည်။

ထိုင်းမှာ ဆက်လက်လုပ်ကိုင်ချင်တဲ့ အလုပ်သမား ၅ ဦးကို အလုပ်သမားသံ အရာရှိထံ တင်ပြပြီးတော့ အလုပ်အကိုင် ကို စီစဉ်ပေးခဲ့တယ်”ဟု ယင်းက ဆက်လက် ပြောသည်။

ထိုင်းနိုင်ငံနယ်စပ် စတွန်မြို့နယ် ပန်းရန်ဆိုက်တခုမှ မြန်မာအလုပ်သမား ၂၆ ဦးတို့အား လုပ်ခ ၁လစာ ထုတ်မပေးသဖြင့် အနီးအနားတွင်ရှိသော ကန်းစွန်းရွက်၊ သင်္ဘောသီး၊ ဘောစကိုင်ရွက်များ စားသုံး အသက်ဆက်ခဲ့ရကြောင်း အလုပ်သမားတဦးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Association Thailand-MAT) သို့ တိုင်တန်းခဲ့သည်။ ထို့နောက် ဇူလိုင် ၁၆ ရက်နေ့က MAT မှ ရွှေရည်ဖြိုးအောင်ကုမ္ဗဏီသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

Posted by Arakan News on 8/01/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ