Related Posts Plugin for WordPress, Blogger...

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှ ထုတ် ပြန်ထားသော ဒေသစရိတ်ခံစား ခွင့်ရှိသည့် လူမှုရေးခက်ခဲသော ဒေသများမှ ကျောင်းသူ၊ ကျောင်းသားများ ယခုနှစ်ပညာသင်နှစ် အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် ကို အမှတ်ကန့်သတ်ချက်မရှိ ဘဲ ၀င်ရောက်လျှောက်ထားနိုင် ကြောင်း သတင်းရရှိသည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အ မှတ်ကို သတ်မှတ်ထားခြင်းမရှိ သော်လည်း ရောက်ရှိလာသည့် လျှောက်လွှာများ အပေါ်မူတည်၍ ရွေးချယ်ရေးအဖွဲ့က ရွေးချယ်သွားမည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာ ဦးစီးဌာနမှ သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (၆)ခုဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော   ဒေသများမှ ကျောင်းသူ၊   ကျောင်းသားများလျှောက်ထားနိုင်သည် ဟု သိရသည်။

ဆေးတက္ကသိုလ် ၀င်ခွင့် လျှောက်ထားလိုသူများသည် ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ရမည်ဖြစ်ပြီး လျှောက် ထားသူနှင့် မိဘနှစ်ပါးစလုံးသည် တည်ဆဲနိုင်ငံသား ပြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်ဖြစ်သည်။ အဆိုပါဒေသတွင် အခြေခံပညာ (၈ တန်း၊ ၉ တန်း၊ ၁၀ တန်း)ဆက်တိုက်ပညာသင် ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါဒေသများမှ အောင်မြင်ခဲ့သူဖြစ်ရမည် ဖြစ် သည်။

ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ရမှတ်စာရင်း မူရင်း တစ်စောင်၊ ၎င်းဒေသရှိ ကျောင်း၌ သုံးနှစ်ဆက်တိုက်တက်ရောက်ခဲ့သူဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၎င်းဒေသရှိ စာစစ်ဌာနမှ အောင်မြင်သူဖြစ်ကြောင်း သက်ဆိုင်ရာအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့် မြို့နယ်ပညာရေးမှူးတို့၏ ထောက်ခံချက်၊ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူနှင့် ၎င်းဒေသတွင် သုံးနှစ်ဆက်တိုက် နေထိုင်သူဖြစ်ကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ထောက်ခံချက်၊ ဘွဲ့ရရှိပြီးပါက မိမိဒေသတွင် ငါးနှစ်မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်စသည်တို့ကို ပူးတွဲ၍ စက် တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး ဆေးသိပ္ပံပညာဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရ မည် ဖြစ်သည်။

ဆေးတက္ကသိုလ်ဝင်ခွင့်မရ ရှိခဲ့ပါက တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့က ကြေညာ သတ်မှတ်ထားသော နည်းလမ်း အတိုင်း ၀င်ခွင့်လျှောက်လွှာအိတ် ဖြင့် အခြားတက္ကသိုလ်များသို့ လည်း ၀င်ခွင့်လျှောက်ထားနိုင် ကြောင်း သိရသည်။

အသေးစိတ် အချက်အ လက်များ သိလိုပါက ဆေးသိပ္ပံ ပညာဦးစီးဌာန၊ နေပြည်တော် ဖုန်း-၀၆၇-၄၁၁၂၃၉ နှင့် ၀၆၇-၄၁၁၁၄၈၊ ၄၁၁၁၄၉၊ လိုင်းခွဲ (၈၂၁) သို့ ရုံးချိန်အတွင်း ဆက် သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
From:7Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ