Related Posts Plugin for WordPress, Blogger...

 
အမှန် အမှတ်အသားပါ ရှိသော တံဆိပ်တုံးကို ထုနှိပ်၍ မဲပေးရမည့်စနစ်ကို လာမည့်၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် စတင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နည်းဥပဒေတွင် ပြင်ဆင် ထုတ်ပြန်လိုက်သည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲကတ်ပြားပေါ်တွင် အမှားအမှတ်အသားပါရှိသော တံဆိပ်တုံးကိုထု၍ မိမိရွေးချယ် လိုသော ကိုယ်စားလှယ်ကို မဲပေး ခဲ့ရသည်။ ယခုအဆိုပါစနစ်ကိုပြောင်းပြန်ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး စနစ်အမှန်ဖြစ်သည့် အမှန်အမှတ်သား တံဆိပ်တုံးဖြင့် မဲပေးရမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားလွှတ် တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ရွေးကောက်ပွဲနည်းဥပဒေ များကို ပြင်ဆင်ထုတ်ပြန်လိုက်ရာ တွင် နည်းဥပဒေပုဒ်မ ၄၁(ခ)တွင် ပါရှိသော အမှန်အမှတ်အသား ပြုရမည်ဆိုသည့် စာသားကို အမှန်အမှတ်အသားပါရှိသည့် တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုရမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆန္ဒမဲပေးပြီးသူ များ နောက်တစ်ကြိမ် ဆန္ဒမဲပေး ခွင့်မရှိစေရန် သတ်မှတ်ထား သည့်အတိုင်း မင်တို့သည့်စနစ် ကျင့်သုံးရမည်ဟု ဥပဒေတွင် ထပ်မံဖြည့်စွက်ထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တို့တွင် မဲကတ်ပြားပေါ်၌ ဘောပင်ဖြင့် အမှန်ခြစ်မဲပေးရာတွင် မင်မထင်သော ဘောပင်များ ဖြစ်နေခြင်း၊ မဲကတ်ပြားများ အရည်အသွေးကြောင့် မင်ခြစ်၍မရခြင်း၊ အမှန်ခြစ်ရာတွင် နှစ်ကြောင်းဖြစ်သွားခြင်းစသည့် အချက်များကြောင့် ပယ်မဲများ များစွာဖြစ်ခဲ့၍ တံဆိပ်တုံးနှိပ်သည့်စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

‘‘အခု တံဆိပ်တုံးမှာ မင် လည်းစွန်းထင်းခြင်းမရှိဘူး။ သတ်မှတ်ထားတဲ့ အကွက်ကိုးကွက်ပေါ်မှာ ကျွန်တော်တို့ လက်ခံနိုင်တဲ့ ပမာဏဖြစ်ရင် လက်ခံနိုင်အောင် သတ်မှတ်ထားပါတယ်။ အဓိက အားသာချက်ကတော့ ပယ်မဲအရေအတွက် နည်းသွားမှာပါ’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က ပြော ကြားခဲ့သည်။
 
 
http://myanmar-election.blogspot.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ