Related Posts Plugin for WordPress, Blogger...

 ဗြိတိန်နိုင်ငံ အနောက်ယော့ရှိုင်းယားပြည်နယ် ဘရက်ဖို့ဒ်မြို့မှ အသက် ၃၀ အရွယ် အဒူဟာနစ်ဆိုသူ သည် လန်ဒန်မြို့တွင် စာရင်းကိုင် သင်တန်းကျောင်း တက်နေသူ အသက် ၂၆ နှစ်အရွယ် မိန်းကလေး အား ဖြားယောင်းသွေးဆောင်ပြီး လိင်ကျွန်အဖြစ် စေခိုင်းခဲ့မှုကြောင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့ရသည်။

မက်ဒေါ်နယ်ဆိုင်အလုပ်သမားတစ်ဦးဖြစ်သူ ဟာနစ်သည် အဆိုပါ မိန်းကလေးအား သူမအလုပ်လုပ်ကိုင်နေသည့် လန်ဒန်မြို့ရှိ အသားညှပ်မုန့်ဆိုင် တစ်ဆိုင် တွင် ဖေဖော်ဝါရီလအတွင်းက စတင်တွေ့ရှိခဲ့ပြီး နီးစပ်အောင် ချည်းကပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြောင်းရွှေ့လာသူ အဆိုပါ မိန်းကလေးက မိမိတွင် နေထိုင်ရန် အိမ်မရှိကြောင်း ပြောသည့်အခါ အိမ်အသစ်တစ်လုံး စီစဉ်ပေးမည် ဟု ပြောဆိုခဲ့သည်။ သို့သော် ဟာနစ်သည် ၎င်း၏ ကားအတွင်း မိန်းကလေးနှင့် ရက်အတော်ကြာ အိပ်ခဲ့ကြပြီး ဘရက်ဖို့၏ မြို့တွင် အခန်းမငှားခင် သူငယ် ချင်းများ၏ အခန်းများတွင်လည်း လှည့်လည်နေထိုင်ခဲ့သည်။

ဘရက်ဖို့ဒ်မြို့သို့ ရောက်သောအခါ ဟာနစ်က မိန်းကလေး၏ ဈေးဝယ်ကဒ်များနှင့် မိုဘိုင်းဖုန်းမျာကို သိမ်းယူထားပြီး အကျဉ်းသားတစ်ဦးကဲ့သို့ ဆက်ဆံကာ အလိုမတူဘဲ နေ့စဉ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်။

သူမအား ပိတ်လှောင်ထားပြီး အိမ်သန့်ရှင်းရေးများလုပ်ဆောင်စေခြင်း၊ အတင်းအဓမ္မလိင် ဆက် ဆံခြင်းနှင့် မိမိက ပေးရန်ရှိ သည့် လောင်းကစားအကြွေးများအတွက် အဆိုပါ မိန်းကလေးကို အခြား သူများနှင့် ဆက်ဆံစေခြင်းတို့ကို စေခိုင်းခဲ့သည်။ မိန်းကလေးက ငြင်းဆန်သည့် အခါ များတွင် ဖုန်းအားသွင်းကြိုးဖြင့် လည်ပင်ကိုညှစ်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မိန်းကလေးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

မိန်းကလေးက ဟာနစ်၏ သူငယ်ချင်းဟောင်းတစ်ဦးဖြစ်သည့် စတီဖင်နေလာဆို သူအား ဆက်သွယ်နိုင်ခဲ့ပြီး နှိပ်စက်ညှင်းပန်းခံနေရကြောင်းကို ပြောဆိုရာမှ ရဲများထံအကြောင်းကြားပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟာနစ်သည် အဆိုပါ မိန်းကလေးကို လေးလကြာ လိင်ကျွန်အဖြစ်စေခိုင်းခဲ့ပြီး ကြိမ်ဖန်များစွာ ဗလက္ကာရ ပြုကျင့်မှု၊ ရိုက်နှက်မှုများ လုပ်ဆောင်ခဲ့မှုဖြင့် ဘရက် ဖို့ဒ်တရားရုံးက ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအမှုအား စီရင်ချက်ချသူ တရားသူကြီး ပီတာဘင်ဆန်က “ဒီမိန်ကလေးငယ်ဟာ လန်ဒန်မှာ မိသားစုလည်းမရှိပါဘူး။ အသိအကျွမ်းလည်း အနည်းငယ် သာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နေရတာပါ” ဟု ပြောကြားသည်။

တရားရုံးသို့ မိန်းကလေး၏ ထွက်ဆိုချက်တွင် “ကျွန်မဘ၀ဟာ အဒူဟာနစ်ကြောင့် လုံးဝကို ပြိုလဲ ပျက်စီးသွားပါပြီ။ ဘ၀မှာ အရာရာတိုင်း ဟာ ပြောင်း လဲသွားပြီ။ အရင်ကလည်း မပြုံးနိုင်တော့ပါဘူး။ ဘယ်ကိုမှလည်း မသွားနိုင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ဟာနစ်၏ နှိပ်စက်မှုများကြောင့် စိတ်ဓာတ်ကျဆင်းမှု၊ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ဆိုးများက ခြောက်လှန့်နေမှုနှင့် မိမိကိုယ်ကိုသတ်သေရန် စိတ်ကူး များအား ဖြေဖျောက်နိုင်ရန် မိန်းကလေးအနေ ဖြင့် စိတ်ဓာတ်မြှင့်တင်ဆွေးနွေးမှုများ ရရှိရန် လိုအပ်နေကြောင်း တရားရုံးက အကြံပြုတိုက်တွန်းခဲ့ သည်။
Ref: Daily Mail

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ