Related Posts Plugin for WordPress, Blogger...

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်နေရာတွင် (၃)ရက်အတွင်း ပစ်မှတ်နေရာ (၉၀)ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။

ISIS အဖြစ်မှ အမည်ပြောင်းလဲခဲ့သည့် IS စစ်သွေးကြွများကို
အမေရိကန်က ဩဂုတ်(၈)ရက်တွင် စတင်ပြီး ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ IS တို့သည် အမေရိကန်၏ စစ်ရေးမဟာမိတ် အီရတ်နိုင်ငံ မြောက်ပိုင်းဒေသများကို သိမ်းပိုက်ထားရာ ယင်းတို့၏ စစ်ရေးပစ်မှတ်များကို အမေရိကန် တိုက်လေယာဉ်များက ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် (၃)ရက်အတွင်း တိုက်ခိုက်မှုများသည် လေကြောင်းထိုးစစ် စတင်ပြီးနောက်ပိုင်း အရှိန်အမြင့်ဆုံး စစ်ဆင်ရေး တစ်ရပ်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

“ခြုံငုံဆန်းစစ်ကြည့်တဲ့အခါ ကျွန်တော်တို့ဟာ ပစ်မှတ်(၉၀)ကျော်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ စစ်သွေးကြွတွေရဲ့ ယာဉ်တွေ၊ လက်နက်ခဲယမ်းတွေ၊ ခံတပ်နေရာတွေ ပါဝင်ပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့အပြင် အီရတ် အစိုးရကို အကူအညီ ပေးနေသည့် ကာ့ဒ်တပ်ဖွဲ့များသည် နိုင်ငံ၏ အကြီးဆုံး ရေကာတာကြီး တစ်ခုကို သူပုန်များလက်မှ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သတင်းများကိုလည်း ကာဘီက အတည်ပြုသွားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က အမေရိကန် အနေဖြင့် ISတို့အပေါ် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်သွားရန် အစီအစဉ် ရှိနေကြောင်း ပြောကြားထားသည်။ ဩဂုတ်(၁၈)ရက် လေကြောင်းထိုးစစ် အတွင်းတွင် IS တို့၏ စစ်ဆေးရေးစခန်း တစ်ခု၊ လက်နက်တပ်ဆင်ထားသည့်ယာဉ် ခြောက်စီး၊ သံချပ်ကာယာဉ်တစ်စီး၊ လေကြောင်းပစ် စက်အမြောက်တစ်လက် အပါအဝင် စစ်လက်နက်များကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။


From:7day

Posted by Unknown on 8/22/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ