Related Posts Plugin for WordPress, Blogger...

ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud (Credit: Reuters) 
 ဆော်ဒီ အာရေး ဘီးယား ​အစိုးရ က ​ဆော်ဒီ အာရေး ဘီးယား နိုင်ငံသား တွေကို ​မြန်မာ နိုင်ငံက ​အမျိုးသမီး တွေနဲ့ ​လက်ထပ်ခွင့် ​ပိတ်ပင် လိုက်ပါတယ်။

မြန်မာ အမျိုးသမီး အပါအဝင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​ပါကစ္စတန်နဲ့ ​ချတ်တ် ​နိုင်ငံက ​အမျိုးသမီး တွေနဲ့ ​လက်ထပ် ထိမ်းမြားခွင့် ​ပိတ်ပင်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​လေး ​နိုင် ​ငံက ​နိုင်ငံသား ​တွေဟာ ​ဆော်ဒီ ​အာရေး ​ဘီးယား ​နိုင်ငံမှာ ​လူဦးရေ ​၅၀၀၀၀ ​(ငါးသိန်း) ​ကျော်ရှိ ​သွားတဲ့ ​အတွက် ​လူဦးရေ ​ထပ်မပြန့် ​ပွားအောင် ​တားဆီးတာ ​ဖြစ်နိုင် ​တယ်လို့ ​ယူဆ ​နေကြပါတယ်။

ဒါ့အပြင် ​လက်ထပ် ​ထိမ်းမြားခြင်း ​ဥပဒေကို ​လည်း ​တင်းကြပ် ​လိုက်ပါတယ်။

နိုင်ငံခြားသူနဲ့ ​လက်ထပ် ​ထိမ်းမြား ​လိုတဲ့ ​အမျိုးသားဟာ ​အနည်းဆုံး ​အသက် ​၂၅ ​နှစ်ရှိရမှာဖြစ်ပြီး ​အကယ်လို့ ​လင်မယားကွဲသူတွေ ​ဖြစ်မယ် ​ဆိုရင် ​အနည်းဆုံး ​၆ ​လ ​စောင့်ပြီးမှ ​လက်ထပ် ​ထိမ်းမြား ​ခွင့် ​လျှောက်လွှာ ​တင်ရမယ်လို့ ​ပြောပါတယ်။

ဇနီးမယား ​ရှိနေတဲ့ကြားက ​နောက်တစ်ယောက်နဲ့ ​လက်ထပ်မယ်ဆိုရင် ​လက်ရှိ ​မယားမှာ ​ကင်ဆာရောဂါရှိကြောင်း၊ ​မသန်စွမ်းကြောင်း၊ ​ကလေး ​မမွေးနိုင်ကြောင်း ​သက်သေတွေ ​ပြရမယ်လို့ ​ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ​အစ္စလာမ်မစ် ​ဥပဒေအရ ​အမျိုးသားတွေကို ​မိန်းမလေးယောက်အထိ ​လက်ထပ်ခွင့် ​ပြုထားပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ​လူဦးရေ ​၂၇ ​သန်းလောက်ရှိပြီး ​အဲဒီထဲက ​၃၀%ဟာ ​နိုင်ငံခြားသားတွေ ​ဖြစ်ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-07/1353662

Posted by Arakan News on 8/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ