Related Posts Plugin for WordPress, Blogger...

........ 7Day


နိုင်ငံတကာအကူအညီ များအနေဖြင့် ဘင်္ဂါလီလူမျိုးများ ဘက်ကိုသာဦးတည်နေမည်ဆိုပါ က ဒေသခံရခိုင်တိုင်းရင်းသားများ နှင့်သဘောထားဆက်လက်ကွဲ ပြားနေမည်ဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား သည်။

သြဂုတ် ၈ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး၌ ယင်းကော် မတီဥက္ကဋ္ဌဒေါက်တာစိုင်းမောက် ခမ်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ နိုင်ငံတကာအလှူရှင်များ ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီခေါင်းစဉ်ဖြင့်ပင် ထောက်ပံ့ပေးနေမည်ဆိုပါက၊ ဘင်္ဂါလီလူမျိုးများဘက်ကိုသာ ပိုမိုဦးတည်သွားပါက ဒေသခံ ရခိုင်လူမျိုးများနှင့် ဆက်လက် သဘောထားကွဲပြားနေမည်ဖြစ် ကြောင်း ဒေါက်တာစိုင်းမောက် ခမ်းကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများ တွင် လူဦးရေတစ်သိန်းနှစ်သောင်း ကျော်ရှိပြီး ၎င်းတို့စားဝတ်နေရေး ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း အနေဖြင့် တာဝန်ယူရန်ခက်ခဲမည် ဖြစ်ကာ နိုင်ငံတကာအကူအညီ များဖြင့် ယာယီပံ့ပိုးပေးနိုင်သော် လည်း ရေရှည်တွင်သင့်လျော် သည့်အဖြေမဟုတ်ကြောင်း ဒု သမ္မတကဆက်လက်ပြောသည်။

လူသားချင်းစာနာမှုအကူ အညီများပေးအပ်နေသည်နှင့် တစ်ပြိုင်တည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တွင်နှစ် ဖက်လူ့အဖွဲ့အစည်း သဟဇာတ ဖြစ်လာစေရေးအထောက်အကူ ပြုလုပ်ငန်းများကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒေါက်တာစိုင်း မောက်ခမ်းကထည့်သွင်းပြော ကြားသည်။

ရခိုင်ပြည်နယ်ပဋိပက္ခဖြစ် ပေါ်စေသည့်အခြေခံဇာစ်မြစ်တစ် ခုဖြစ်သော လက်ရှိဘင်္ဂါလီလူမျိုး များ တရားဝင်၊ မဝင်ခွဲခြားဖော်ပြ နိုင်ရန် ၁၉၈၂ ဥပဒေဖြင့် စိစစ် ခြင်းလုပ်ငန်းများကို မြေပုံမြို့နယ် တွင် ရှေးဦးစီမံချက်အဖြစ်ဆောင် ရွက်ခဲ့ပြီး ဘင်္ဂါလီလူမျိုး ၁၀၉၄ ဦးကို ပဏာမစိစစ်ပြီးစီးခဲ့ပြီး ဆက် လက်စိစစ်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ