Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၁၂

၉.၆.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ ရဲအုပ်နေလင်းထွန်းပါ တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ကညနမှ တာဝန်ရှိသူများနှင့် အတူ ဒဂုံမြို့သစ်
(မြောက်ပိုင်း) မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၌ စည်ကမ်းမဲ့ယာဉ်များ ဖမ်းဆီးရေး တာဝန်ဆောင်ရွက်နေစဉ် ပေါ်တက်(ခ)ကိုအောင်ဆိုသူမှ နံပါတ်မပါ JLM-125အနက်ရောင် ဆိုင်ကယ်အား စီးနင်းလာသည် ကိုတွေ့ရှိသဖြင့် တားဆီး စစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်ကြောင်း သိရှိရ၍ သိမ်းဆည်းခဲ့သည်ကို ၎င်းမှ မကျေမနပ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ တာဝန်ဆောင်ရွက်နေသည့် နေရာသို့ ဓါးရှည်ကိုင်၍ ထပ်မံရောက်ရှိလာကာ ရဲအုပ်နေလင်းထွန်းအား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ၀ဲချိုင်းအောက် တွင်(၃)လက်မခန့်ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး သိမ်းဆည်းထားသည့် ဆိုင်ကယ်အား ပြန်လည်ရယူ၍ မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)တပ်ဖွဲ့စုမှူးမှ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်း (ပ)၃၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်ကာ
ပေါ်တက်(ခ)ကိုအောင်၊ (၄၂)နှစ်၊ (ဘ)ဦးသောင်းအေး၊ (၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူအား ဖမ်းဆီး ရမိရေး ဆောင်ရွက် ခဲ့ပါသည်။

၎င်းအားဖမ်းဆီး ရမိရေးအတွက် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပေါ်တက်(ခ)ကိုအောင်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊
(၃၂) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ ၎င်းမှာထွက်ပြေးတိမ်းရှောင်နေပြီး ၎င်း၏ သမီးဖြစ်သူ နေထိုင်သော ရွှေပြည်သာမြို့နယ်၊(၂၅)ရပ်ကွက်၊အပိုင်း(၆)ရှိနေအိမ်သို့ ရောက်ရှိနေကြာင်း စုံစမ်းသိရှိရသဖြင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ၁၀.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပေါ်တက်(ခ)ကိုအောင်အားဖမ်းဆီးရမိစဉ်က ၎င်း၏ခါးကြားမှ အရိုးအသွား(၁၀)လက်မခန့်ရှိ သုံးမြှောင့် စကေဘာ(၁)ချောင်းအားတွေ့ရှိ သိမ်းဆည်းရမိသဖြင့် လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များထံမှ ပြန်လည်ရယူသွားသည့် မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ JLM-125 အနက်ရောင် ဆိုင်ကယ်အားပြန်လည်သိမ်းဆည်း ရမိသဖြင့် လှော်ကား နယ်မြေ ရဲစခန်း(ပ)၁၆၂/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ ဖြင့်လည်းကေင်း ထပ်မံအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ