Related Posts Plugin for WordPress, Blogger...

တိုင်းရင်းသားများ၏ တပ်ပေါင်းစုအလံ
ဇွန်လ ၁၁

 ယနေ့နံနက် (၇)နာရီခန့်တွင် ရှမ်းပြည်မြောက်ပိုင်း တွင်လှုပ်ရှားနေသော ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် (FUA) တပ်ဖွဲ့များနှင့် အစိုးရ တပ်မ(၇၇) လှုပ်ရှား စစ်ကြောင်းများ သည် ရှမ်းပြည်မြောက်ပိုင်း မုံးပေါ် နှင့် မုံးကိုးကြားရှိ ဟောဝါးမာန်ပိန်း (လွယ်ကန်) ကျေးရွာအနီး၌ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု တအာင်း အမျိုးသား လွတ် မြောက်ရေး တပ်မတော်( TNLA)၏ ပြန်ကြားရေးမှ ဆိုပါသည်။

“ ဒီဒေသမှာ အစိုးရ တပ်မ(၇၇) စစ်ကြောင်းရယ်၊ ဒေသခံ လောက်ကိုင် ဒကစ တပ်ရယ်နဲ့ အေ၇ှ့မြေက်ပိုင်း တပ်တွေက အဆက်မပြတ် လှုပ်ရှားနေ တာလေ။ တိုက် ပွဲကတော့ ဖြစ်မှာဘဲ။ ဆက်ဖြစ်ဖို့လ်း ရှိနေတယ်။ အခုတိုက်ပွဲ မှာတော့ ထိ ခိုက်ကျဆုံးမှု မသိရသေးပါဘူး” ဟု ဆိုပါသည်။

ဤတိုက်ပွဲတွင် (FUA)တပ်ဖွဲ့များ ဖက်မှ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) မှ တပ်ရင်း (၃၆) စစ်ကြောင်းများ၊  ၊TNLA တပ်ဖွဲ့မှ စစ်ကြောင်းများ၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်) စစ်ကြောင်းများ ပါသည်ဟု ဆိုပါသည်။

အလားတူ TNLA လက်အောက်ခံ တပ်ရင်း (၄၇၈) စစ်ကြောင်း များသည် တပ်မ (၇၇)လက်အောက်ခံ ခမရ (၈) စစ် ကြောင်းနှင့် မန်တုံမြို့နယ်၊ ကျန် ကား ကျေး ရွာ နှင့် မန်ကောင်း ကျေးရွာကြား တွင် ယနေ့ ညနေ (၄) နာရီ နီးပါးမှ (၅)နာရီ နီးပါးချိန်ထိ တစ်နာရီနီးပါး တိုက်ပွဲဖြစ် ပွားခဲ့ သည်ဟု TNLA ပြန်ကြားရေး က ဆိုပါသည်။

တိုက်ပွဲ မဖြစ်ပွားမှီ အစိုးရ တပ်များသည် KIA ရှိသော နေရာဒေသ အသီးသီးသို့ နေရာယူ ထားကြပါသည်။ အင်အား (၇၀)ခန့်ရှိသော တပ်မ(၇၇) စစ်ကြောင်း တကြောင်းသည် ယမာန်နေ့ ဇွန် (၁၀)ရက် မနက် (၉း၀၀)နာရီ ခန့် တွင်(KIA) တပ်မဟာ(၄) တပ်ရင်း (၃၆) နယ်မြေရှိ မိုင်းပြင်းကျေးရွာသို့ ၎င်း၊ ထို့အတူ တပ်ဖွဲ့ နာမည် မသိရ သေးသည့် အခြားအင်အား (၆၀)ကျော်ရှိသော စစ်ကြောင်း တကြောင်းသည်လည်း တပ်ရင်း (၃၆) နယ်မြေ၏ ဘန်းဆိုင်း ကျေးရွာ သို့ လည်းေ ကာင်း၊ ရောက်ရှိ အခြေချ ထားသည်ဟု TNLA ဖက်မှ ဆိုပါသည်။

ထို့အပြင် ယမာန်နေ့တွင်ပင်  အင်အား (၆၀)ကျော်သော (ဒကစ) စစ်ကြောင်း တကြောင်းသည် KIA တပ်မဟာ (၄)မှ တပ်ရင်း (၃၈) နယ်မြေ မုန်ကိုး ၊ လွိုင်ကန် ဘက်မှတဆင့် မန်ယိမ်းရှမ်း ကျေးရွာသို့ ရောက်ရှိအခြေချ ပြီးမှ ယနေ့ မ နက် ပိုင်းတွင် FUA နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ဤဒေသ၌ လှုပ်ရှားနေသော အစိုးရ စစ်ကြောင်း များသည် တပ်ဖွဲ့နာမည်များ ရောပြွန်း နေသဖြင့် မည်သည့်တပ် ဖွဲ့ သည် မည်သည့် နေရာသို့ ရောက် ရှိနေသည် ကို မခန့်မှန်း နိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။

အလားတူ ယမာန်နေ့ ဇွန်လ (၁၀)ရက်နေ့ တွင်ပင် လားကောင်ရေ (၆)ကောင်ပါသော စစ်ကား(၆)စီးသည် ခန့်မှန်း အင်အား(၁၅၀) ခန့်ရှိသော ကွတ်ခိုင်မြို့ရှိ အ မှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း များသည် ၄င်းတို့ တပ်ရင်း (၉) နယ်မြေရှိ ဟူးဖျက် ဒေသ ဖက်သို့စစ်ဆင် လာခဲ့သည်ဟု (KIA)ရုံးချုပ် သတင်း၌ ဆို ထားပါသည်။

ဤကဲ့သို့ အစိုးရ တပ်များ၏ စစ်ဆင်ရေး လှုပ်ရှားမှု များပြား လာခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ FUA ပူးပေါင်း စစ် ကြောင်း များကလည်း စစ်ဗျူဟာခွဲပြီး တုန့် ပြန် တိုက်ခိုက် နေခဲ့သည်ဟု TNLA ဖက်မှဆိုပါသည်။

အစိုးရ တပ်များသည် KIA တပ်မဟာ (၄)တွင် ပြင်းထန်သော စစ်ဆင်မှုများ ဆင်နွှဲနေချိန်တွင် ဗန်းမော် လိုင်ဇာလမ်း ကြောင်းဖက်သို့လည်း စစ်အင်အားများ၊ လက် နက်ကြီးများနှင့် ရိက္ခာယာဉ် တန်းများ ဖြည့်တင်းနေသည်ဟု KIA ရုံးချုပ် သတင်း အရ သိရပါသည်။

Written by  ရွေဟင်္သာသတင်းဌာန

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ