Related Posts Plugin for WordPress, Blogger...

တနင်္သာရီတိုင်းဒေသ ကြီး၊ တနင်္သာရီမြို့
နယ် ဝှေးဖ တောင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသားလက်နက် ကိုင်တပ်
ဖွဲ့ဖြစ်သော KNLAတပ် မဟာ(၄)တပ်
ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။



တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉နာရီအထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLAတပ် ရင်း(၁၁)တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှကျဆုံး သူမရှိသော်လည်း KNLAဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ဝှေးဖဒေသတွင် KNU/KNLA တပ်မဟာ(၄)တပ်ရင်း (၁၁)အခြေပြုတပ်စွဲထားပြီးတပ် မတော်စစ်ကြောင်း လမ်းမှား၍ နယ်ကျွံခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း တပ်မမှူးဖဒိုစောနေထူးက ပြောသည်။

အပစ်အခတ်ရပ်စဲထားပြီး ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကြား နယ်မြေသတ် မှတ်ချက်များရှိပြီး စစ်ကြောင်းများ ဖြတ်သန်းပါက ကြိုတင်အသိပေး ရလေ့ရှိသည်။

‘‘KNU ကမှားပြီးပစ်တာ။ တခြား အဖွဲ့တွေ ၀င်လာတယ်ထင်လို့။ အဲဒီမှာက တပ်မတော်အပြင်တခြား နှစ်ဖွဲ့ရှိသေးတယ်’’ဟု မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)မှ အ ပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြော သည်။ တိုက်ပွဲဖြစ်ပွားသောနယ် မြေသည် တပ်မဟာ(၄)မှ တပ်ရင်း(၁၁) တမ်မမှူးဖဒိုစောနေထူး၏  နယ်မြေဖြစ်ကြောင်း သတင်းရရှိ သည်။

 ကရင်အမျိုးသားအစည်း အရုံးနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီးနောက်ပိုင်းတပ်မဟာ(၅) နယ်မြေတွင်သာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှု ကြောင့် KNLA တပ်များကို ပြန် လည်တပ်လှန့်ထားပြီး နှစ်ဖက် တာဝန်ရှိသူများ နယ်မြေတပ်များ ကို ပြန်လည်ကြပ်မတ်သွားမည်  ဖြစ်ကြောင်း KNUတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေး ရုံးမှ သတင်းရရှိသည်။

7Day News daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ