Related Posts Plugin for WordPress, Blogger...

 ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်

ကျောင်းသားလူထု လက်မခံနိုင်သော အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြရန်အတွက် ခွင့်ပြုချက် တောင်းခံခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး ကန့် ဘလူမြို့ နည်းပညာတက္ကသိုလ် (GTC)မှ ကျောင်းသား ခေါင်းဆောင်အား မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်က ပြောသည်။

“မနက်ပိုင်းမှာ ဆန္ဒပြခွင့်သွားတင်တယ်။ ညနေပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သမ၀ါယမဥက္ကဋ္ဌ ရောက်လာပြီး အဖေနဲ့အမေကို ကျွန်တော်က ဆန္ဒပြတယ်ဆိုရင် ကျောင်းက ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုရဲမျိုးဆွေက ဇွန်လ ၁၁ ရက်တွင်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ဘလူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဖုန်းကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားကြောင်း ဖုန်းလက်ခံသူက ဖြေသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် ဗဟိုချုပ်ကိုင်မှုစနစ် ပါဝင်နေ၍ လွတ်လပ်သော ပညာရေးစနစ် မရှိနိုင်ခြင်းတို့ကြောင့် ကိုရဲမျိုးဆွေဦးဆောင်သည့် ကျောင်းသားလူငယ်များက ဆန္ဒပြရန် ဇွန်လ ၁၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်တောင်းခြင်းဖြစ်သည်။

“ခွင့်ပြုချက်မရပေမယ့် ကျွန်တော်တို့ ဇွန်လ ၁၅ ရက်မှာ ကျောင်းသားပေါင်း ၁၅၀ နဲ့ ဆန္ဒဖော်ထုတ်သွားမယ်”ဟု ကိုရဲမျိုးဆွေက ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်က“အမျိုးသားပညာရေး ဥပဒေမူကြမ်း ထွက်လာပြီးကတည်းက ကျွန်မတို့အဖွဲ့တွေက ကန့်ကွက်ကြောင်း ကြေညာတယ်။ ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်တယ်။ ကျွန်မတို့မှာ ကျွန်မတို့ ယုံကြည်တဲ့ ပညာရေးစနစ်ကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိရမယ်။ တောင်းဆိုခွင့်ရှိရမယ်” ဟု မဇ္ဈိမကို ပြောသည်။

ဖိုးစိုးသူ
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ