Related Posts Plugin for WordPress, Blogger...

ရန်ကုန်မြို့ ပါရမီလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရေလျှံနေစဉ် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်မြို့တွင် ယနေ့ဇွန်လ ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများနှင့် လူနေရပ်ကွက်အချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွား ခဲ့ပြီး၊ ယာဉ်ကြောကျပ်တည်းမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများလည်း နှောင့်နှေးခဲ့သည်။

ရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ပြီး အငှားယာဉ်များ၊ ခရီးသည်တင်ဘတ်စ်ကား အချို့ ပြေးဆွဲမှုများလည်း ရပ်တန့်ခဲ့သည်။

နံနက် ၅ နာရီခန့်မှစတင်ပြီး ရုံးတက်ချိန် နံနက် ၈ နာရီခန့်အထိ သဲသဲမဲမဲရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့လမ်းမများပေါ်တွင် ဘတ်စ်ကားများ  ပိတ်မိနေခဲ့ပြီး မှတ်တိုင်များတွင် လူများပြည့်နှက်ခဲ့သည်။

ရန်ကုန်-အင်းစိန်လမ်းမတစ်လျှောက်တွင်လည်း ကားများပိတ်မိနေခဲ့သည်။ အထူးသဖြင့် သမိုင်းလမ်းဆုံတွင် ရေကြီးနေမှုကြောင့် ခဝဲခြံမှတ်တိုင်မှ သမိုင်းလမ်းဆုံအလွန်အထိ ၁၀ မိနစ်ခန့်ခရီးကို တစ်နာရီခွဲခန့်ကြာသည်အထိ ကားများပိတ်ဆို့နေကြောင်း ယင်းနေရာသို့ရောက်ရှိခဲ့သည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။ ထို့အပြင် ကားအများစုမှာ သမိုင်းလမ်းဆုံတွင် ရေလျှံနေ၍ ဘုရားလမ်းမီးပွိုင့်မှတစ်ဆင့် ရှောင်မောင်းနေကြ သည်။

အထပ်မြင့်အဆောက်အအုံအများအပြားတည်ရှိရာ တာမွေမြို့နယ်တွင်လည်း မြေညီထပ်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ တာမွေနှင့် မြို့တွင်းကိုဆက်သွယ်ထားသည့် အဓိကလမ်းမများပေါ်တွင် ရေများဝင်ရောက်နေမှုကြောင့် လမ်းများပိတ်ဆို့လျက်ရှိသည်။

ရန်ကုန်-ပြည်လမ်းမတစ်လျှောက်တွင်လည်း ရှစ်မိုင်လမ်းဆုံမှ မြို့တွင်းအထိ ရာနှင့်ချီသောကားများ လမ်းမများပေါ်တွင် ပိတ်ဆို့နေခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင်လည်း ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိပြီး အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် သစ္စာလမ်းမပေါ်တွင် သုံးပေခန့် အထိ ရေတက်လျက်ရှိပြီး လူများနှင့် မော်တော်ယာဉ်များခက်ခဲစွာသွားလာနေရကြောင်း ယင်းနေရာသို့ရောက်ရှိခဲ့သည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများသို့ ဆက်သွယ်ထားသော မြို့ပတ်ရထားလမ်း၏ နေရာအချို့တွင်လည်း ရေဝင်ရောက်ခဲ့ခြင်းကြောင့် ရထား  အချိန်များ သတ်မှတ်ချိန်ထက် အနည်းငယ်နောက်ကျပြေးဆွဲခဲ့ရကြောင်း မီးရထားစီးခရီးသည်များက ပြောသည်။ ရထားလမ်းများတွင် ရေကျော်မှုများ ဖြစ်ပွားနေသော်လည်း ရထားခရီးစဉ်များကို ပုံမှန်ပြေးဆွဲနိုင်ရေးဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ကျအရာရှိက ပြောသည်။

7Day Daily

ရန်ကုန်မြို့ ပါရမီလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရေလျှံနေစဉ် (ဓာတ်ပုံ- နစ်ကီ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ