Related Posts Plugin for WordPress, Blogger...

မန္တလေးတိုင်း မိုးကုတ်မြို့တွင် သီတဂူ
စက္ခုဒါနဆေးရုံနှင့် နိုင်ငံတကာအဆင့်မီ
 ကျောက်မျက်စင်တာ တည်ဆောက်မည်
ကို ဒေသခံများနှင့် အရပ်ဘက်လူ့အဖွဲ့
အစည်းများက ကန့်ကွက်နေကြောင်း


ရတနာကုန်သည်ကြီးများအသင်း (မိုးကုတ်)အတွင်းရေးမှူး (၂) က မဇ္ဈိမကို ပြောသည်။
မိုးကုတ်မြို့တွင် မျက်စိဆေးရုံသီးသန့် မရှိသောကြောင့် သီတဂူစက္ခုဒါနဆေးရုံ တည်ဆောက်ရန် မြေသန့် မြေနုတ် မင်္ဂလာကို ဇွန် ၁၂ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆေးရုံဆောက်မည့်အနီးတွင် ကျောက်မျက်စင်တာတည်ဆောက်မည်ဖြစ်သည်။
ဒေသခံများက တည်ဆောက်ရန် သဘောမတူခြင်းမှာ အဆိုပါနေရာသည် မိုးကုတ်မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သော မြို့လယ်အင်းရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုမြို့လယ်အင်းနှင့် မိုးကုတ်မြို့သည် ဒွန်တွဲနေပြီး မြို့လယ်အင်းသည် နိုင်ငံခြားခရီးသွားများနှင့် မြန်မာပြည်အနှံ့မှ လာရောက်သူများ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်သည်။


အဆိုပါ အင်းမတိမ်ကော မပပျောက်စေရန် မိုးကုတ်ဒေသခံများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက ၀ိုင်းဝန်းထိန်းသိမ်းလျက်ရှိကြောင်း မြို့လယ်အင်းသည် ကိုလိုနီခေတ်တည်းက တည်ရှိခဲ့ကြောင်း ယင်းနေရာကို စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးအောင်မြိုင်က စည်ပင်သာယာပိုင်လုပ်၍အကွက်များ ရိုက်ရောင်းခဲ့ပြီး တိုက်ခန်းများနှင့် မိုတယ်တည်ဆောက်ခဲ့သည်ဟု ဆိုသည်။


ကန့်ကွက်နေသည့်ကြားက ဆက်လက်တည်ဆောက်ပါက ဆန္ဒဖော်ထုတ်သွားမည်ဟု ဒေသခံနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ဆိုသည်။ အဆိုပါမြို့လယ်အင်းသည် ဧက ၃၀ ရှိပြီး၊ မြေပြင် ၁၄ ဧကနှင့် ရေပြင်မှာ ၁၃ ဧကသာ ရှိတော့သည်။


အဆိုပါမြို့လယ်အင်းကို ဇွန် ၂၂ရက် ကလည်း မန္တလေးစိမ်းရောင်စိုအဖွဲ့က မိုးကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။


“ကျွန်တော်တို့က မျက်စိဆေးရုံကိုတော့ မကန့်ကွက်ချင်ဘူး။ ကျောက်မျက်စင်တာကိုတော့ လုံးဝမဆောက်စေချင်ဘူး။မလုပ်စေချင်တာကတော့ ဘာမှမလုပ်စေချင်ဘူး။ သဘာဝအတိုင်းပဲ မြင်ချင်ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အင်းထိန်းသိမ်းရေးကော်မတီဖွဲ့ဖို့ လုပ်နေတယ်” ဟု စိမ်းလန်းမိုးကုတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ကိုစိုးမင်းလှိုင်က ပြောသည်။
မိုးကုတ်မြို့တွင် ကျောက်မျက်စင်တာမရှိသောကြောင့် ဒေသခံများ ဈေးနှုန်းအနှိမ်ခံရမှုများရှိပြီး ကျောက်များ ရှားပါးလာခြင်းကြောင့် ဒေသခံများစားဝတ်နေရေး ခက်ခဲလာကြောင်းဆိုသည်။


“ကျွန်တော်တို့ မိုးကုတ်မှာ သီးသန့် ကျောက်မျက်ဈေးမရှိဘူး။ တခြားမြို့တွေမှာရှိပြီး တကယ်ထွက်တဲ့မြို့မှာ မရှိဘူးဖြစ်နေတယ်။ မိုးကုတ်မှာက ရှိသင့်တယ်။ အခု ကျောက်မျက်ရောင်းဝယ်ရေးကို စည်ပင်ပန်းခြံမှာ သွားလုပ်နေရတယ်။ အဲလိုကျတော့ ဈေးအနှိမ်ခံရတာတွေလည်းရှိတယ်။

သယ်ယူခွင့်ကျတော့လည်း လက်ဝတ်ရတနာပဲရတယ်။ အောက်ခြေလူတန်းစားအတွက်က ဒုက္ခဖြစ်တယ်။ ဆောက်ပြီးသွားရင် မိုးကုတ် ဒေသခံသောင်းချီပြီး အလုပ်အကိုင်ရကြမယ်။ မိုးကုတ်လည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးလာမယ်။ ဆောက်ဖို့နေရာကလည်း ဒီအင်းနေရာက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်နေတယ်။

 ဒါကို ကန့်ကွက်နေတော့ ဆက်လုပ်ဖို့ ခက်တယ်။ ကျွန်တော်တို့အတွက် လုပ်တာမဟုတ်ဘူး အားလုံးအတွက်လုပ်တာပါ။ အခုလိုကန့်ကွက်နေတော့ လုပ်ဖို့ရက်ကို မသတ်မှတ်နိုင်သေးဘူး”ဟု ရတနာကုန်သည်ကြီးများအသင်းမှ အလုပ်မှုဆောင် ဦးလှအောင်က ပြောကြားသည်။


မျက်စိဆေးရုံကန့်ကွက်နေမှုမှာ မြို့ခံလူထုအနည်းစုကသာ ကန့်ကွက်နေခြင်းဖြစ်ပြီး၊ မိုးကုတ်မြို့သည် မျက်စိကျန်းမာရေး စောင့်ရှောက်မှု အလိုအပ်ဆုံးဖြစ်ကာ မိုးကုတ်မြို့တွင် ရွှေတွင်းများရှိသောကြောင့် မျက်စိဝေဒနာ အများဆုံးဖြစ်ပွားလျက်ရှိရာ ဆေးရုံမှာတည်ဆောက်သင့်သည်ဟု ဆေးရုံတည်ဆောက်ရေးအဖွဲ့ဝင် ဦးဇော်ဝင်းက ပြောသည်။


မြို့ခံများကအင်းအတွင်းတွင်စီမံကိန်း ဆက်လက်လုပ်ဆောင်ပါက မန္တလေးတိုင်းအစိုးရအဖွဲ့ထံသို့ မြို့လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဇွန်လကုန်တွင် တိုင်ကြားသွားမည်ဖြစ်ပြီး အကြောင်းမထူးပါက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

မိုးကုတ်မြို့တွင် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်ရှိသည်။

Mizzima News Daily

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ