Related Posts Plugin for WordPress, Blogger...

 ကြာသာပတေးနေ့၊ ဇွန်လ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။               ။  ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ နောင်စွမ်း ကျေးရွာရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေးရုံး ဆိုင်းဘုတ်ကို တိုက်နယ် အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသူကြီးက လာရောက် ဖြုတ်ခိုင်းသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ဇွန် ၉ရက စတင်ပြီး နောင်စွမ်းကျေးရွာရှိ ရပ်ကျေးဆိုင်းဘုတ်ကို လာရောက် ဖြုတ်ခိုင်း ခဲ့ခြင်းဖြစ်သည်။ ဆိုင်းဘုတ်ဖြုတ်ခိုင်းရာတွင် ရှမ်းတပ်က ဖြုတ်ခိုင်းခြင်းဖြစ်သည်ဟု အကြောင်းပြကာ မဖြုတ်ပေးပါက အသက်အန္တရာယ် တာဝန်မယူပါဟု တိုက်နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကြီးက ပြောဆိုသွားသည် ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

"ကျွန်မဆီကို နမ့်စန် ဥက္ကဋ္ဌက ဒီနေ့ပဲ ဖုန်းဆက်အကြောင်းကြားလို့ သိရတာပါ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ ကျွန်မတို့ကို ရန်တိုက်ပေးနေသလို ဖြစ်နေပါတယ်၊ ဆိုင်းဘုတ်ဖြုတ်မယ် ဆိုရင်လည်း လာပြောတဲ့ တိုက်နယ် ဥက္ကဋ္ဌတို့၊ ကျေးရွာသူကြီးတို့ ရှေ့မှာ မှတ်တမ်း ဓာတ်ပုံရိုက်ပြီးမှ ဖြုတ်ပါလို့ ကျွန်မ ပြောဆိုထားပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၄ရက်ကလည်း ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ၊ အင်အန်ဒီ ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းကို အမည်မသိသူများက သေနတ်ဖြင့် ပစ်သတ်ခြင်း ခဲ့ရပြီး ယခုချိန်ထိ တရားခံ

မပေါ်သေးပေ။ ယခု နောင်စွမ်းကျေးရွာ ဆိုင်းဘုတ်ကိစ္စတွင်လည်း အသက်အန္တရာယ်တွေ့ကြုံမည်ကို စိုးရိမ်သည့်အတွက် ဖြုတ်ချပေးရန် အကြံပေးခြင်းဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

နမ်စန်မြို့နယ် အင်အန်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က "ကျွန်နော်တို့ကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ရိုက်လာပြောတာမရှိပါဘူး၊ RCSS ဆိုတာလည်း ကျွန်တော်တို့ မဟာမိတ်ပါပဲ၊ အခုဖြုတ်ချ ခိုင်းတယ်ဆိုတဲ့ နောင်စွမ်းကျေးရွာအုပ်စု တိုက်နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာသူကြီး ဆိုသူတွေရဲ့ အမည်တွေ စုံစမ်းနေပါတယ်၊ ဖြုတ်ချမယ်ဆိုရင်လည်း ဘာကြောင့်ဖြုတ်ချခိုင်းတယ် ဆိုတဲ့ ရုံးစာထုတ်ပေးမှ လက်ခံပြီး ဖြုတ်ချပေးမှာပါ" ဟု မဇ္ဈိမကို ဇွန် ၁၂ရက်က ပြောသည်။ ဆိုင်းဘုတ်ဖြုတ်ရန် လာပြောသည့် ဖြစ်စဉ်များကို နောင်စွမ်းကျေးရွာ အင်အန်ဒီ ဥက္ကဋ္ဌက ဦးနေဇော်နိုင်ကို လာရောက်တိုင်ပင်ခဲ့ခြင်းဖြစ်သည်။

နောင်စွမ်းကျေးရွာရှိ အင်အန်ဒီ ရပ်ကျေးရုံး ဆိုင်းဘုတ်ကို ဒေါ်အောင်ဆန်းစုကြည်၏ ဇန်န၀ါရီလအတွင်းက ရှမ်းပြည်နယ် ခရီးစဉ်အပြီး တင်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သတ်ပြီး တိုက်နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာသူကြီးတို့ကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ