Related Posts Plugin for WordPress, Blogger...

ကျိုင်းတုံ၊ ဇွန် ၁၁

ရွှေတြိဂံဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ငါးပစ်လောင်းကစား ဂိမ်းရုံများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ငါးပစ်ဂိမ်းရုံများကို ဇွန်လ ၁၁ ရက်မှ စ၍ ရှာဖွေဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

“အခုဆို ကျိုင်းတုံမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရတာ အရမ်းများလာတယ်။ ဖမ်းမိလို့ စစ်လိုက်ရင် ဂိမ်းရုံတွေမှာ ရောင်းဝယ်ကြတယ်လို့ သိရတယ်။ မူးယစ်မှုနဲ့ ပတ်သက်ပြီး ဒီနှစ်ထဲမှာ ၁၆ နှစ်အောက် ကလေးခြောက်ဦးကို ထိန်းသိမ်းထားတယ်။ ဂိမ်းရုံတွေက ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖွင့်ထားတာလဲတော့ မသိဘူး။ ရဲတပ်ဖွဲ့အနေနဲ့က ခွင့်ပြုထားတာ မရှိလို့ နောက်ဆက်တွဲ မှုခင်းတွေ မဖြစ်ပေါ်အောင် ရှာဖွေဖမ်းဆီးပြီး အရေးယူမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့သော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှု စသည့် အမှုအခင်းများတွင် ဒေသခံလူငယ်နှင့် ကလေးများ ပါဝင် ပတ်သက်မှု မရှိစေရန် နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ မူးယစ်အဖွဲ့နှင့် လူကုန်ကူးမှု တားဆီးရေးအဖွဲ့များ စုပေါင်း၍ စာသင်ကျောင်း၊ ရပ်ကွက်နှင့် ကျေးရွာများအထိ သွားရောက်၍ အပတ်စဉ် အသိပညာပေး ဟောပြော စည်းရုံးမှုများ ပြုလုပ်ပေးနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျိုင်းတုံမြို့နယ်ရှိ ဝေါ်ခုတ်မြို့သစ်၊ ရပ်ကွက် (၂) (၃)၊ စစ်မှုထမ်းဟောင်းရုံး၊ ဟိုတယ်သစ်ကြီး၊ ယန်းခမ်းဈေးအိမ်ရာနှင့် မြို့ကျက်သရေဆောင် နောင်တုံ ကန်ပတ်လည်တို့တွင် ငါးပစ်လောင်းကစား ဂိမ်းရုံပေါင်း ၁၀ ရုံခန့် ရှိကြောင်း မြို့ခံများနှင့် လောင်းကစားသူများက ပြောကြားသည်။

“ငါးပစ်တဲ့ ဂိမ်းရုံတွေက မြို့ပေါ်မှာ အများကြီးပဲ။ တချို့တွေက နေ့ည ထိုင်ပြီး ကစားတော့ မူးယစ်ဆေးဝါး သုံးမှ ကြာကြာကစားနိုင်တာလေ။ တချို့ ကလေးတွေက ရှုံးပြီဆိုရင် ပါလာတဲ့ ဖုန်းနဲ့ ဆိုင်ကယ်ပါ ရောင်းပြီး ကစားကြတယ်။ ကျွန်တော်ဆို သွားကစားမိလို့ သိန်းနှစ်ဆယ်ကျော်လောက် ရှုံးသွားပြီ” ဟု အမှတ် (၂) ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ