Related Posts Plugin for WordPress, Blogger...

From : ..MOI

ပြည်သူများ လက်ကိုင်တယ်လီဖုန်းသုံးစွဲနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံခြားမှ ကုမ္ပဏီတစ်ခုနှင့်အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းဆင်းကတ်များကို ဆိုင်တိုင်းတွင် စိတ်တိုင်းကျ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ အော်ပရေတာလိုင်စင်ရရှိအောင် လုပ်ကိုင်နေပါတယ်။ အော်ပရေတာလိုင်စင်ရပြီးရင်တော့ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ စာချုပ် ချုပ်ဆိုထားပြီး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားမှာပါ” ဟု ၎င်း က ဆက်လက်ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီ KDDI တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပါက လက်ရှိရောင်းချပေးနေသော ခွဲတမ်းစနစ်ကို ရပ်ဆိုင်းကာ အကန့်အသတ်မရှိသော ရောင်းချမှုပုံစံဖြင့် ဆင်းကတ်များကို လာမည့်လ အနည်းငယ်အတွင်း ဆိုင်တိုင်းတွင် ရောင်းချပေးသွားရန် စီစဉ်ထားသည်။

လောလောဆယ်တွင် အခြေခံအဆောက်အအုံများနှင့် လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများ ပြီးစီးပါက တယ်လီဖုန်း ဆင်းကတ်များကို ဈေးနှုန်းသက်သာစွာဖြင့် အကန့်အသတ်မရှိ ရောင်းချပေးမည်ဖြစ်ရာ တယ်လီဖုန်းပြောဆိုခများကိုလည်း လျှော့ချပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ပြည်ပကုမ္ပဏီများဖြစ်သော အော်ရီဒူးနှင့် တယ်လီနောတို့ကလည်း လာမည့်ဩဂုတ်နှင့် စက်တင်ဘာလများတွင် တန်ဖိုးနည်း ဆင်းကတ်များကို ရောင်းချပေးရန် စီစဉ်နေသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း အော်ပရေတာအဖြစ် ပြောင်းလဲလုပ်ကိုင်ကာ ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ကာ တယ်လီဖုန်း ဆင်းကတ်များကို ရောင်းချသွားရန် စီစဉ်နေခြင်း ဖြစ်သည်။

.. www.MyanmarExpress.net

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ