Related Posts Plugin for WordPress, Blogger...

အစိုးရအဖွဲ့ဝန်ကြီးများ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိလာပါက ချိပ်ပိတ်ထားသော ပိုင်ဆိုင်မှုစာရင်းများကို ဖွင့်ဖောက်စစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဇွန် ၂ဝ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်၌ The Daily Eleven သတင်းစာမှ မေးမြန်းသည့်တိုင်ကြားမှုများရှိလာပါက အစိုးရဝန်ကြီးဌာန လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ဝန်ကြီးများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရန် ရှိ၊မရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ပြီးပေးထားပြီးသားလေ။ သူ့ကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုရှိလာရင် ဒီတိုင်ကြားမှုကြောင့် ဒါကို ဖွင့်ဖောက်စစ်ဆေးဖို့လိုတယ်ဆိုရင် ဖွင့်ဖောက်စစ်ဆေးမှာပေါ့။ ကျန်တဲ့အချိန်မှာဆို ဒီဟာကို ဒီအတိုင်းပဲ ချိပ်ပိတ်အနေနဲ့ပဲ ထားမှာပေါ့”ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ထို့ပြင် လက်ရှိအစိုးရ လက်ကျန်နောက်ပိုင်းကာလများတွင် ဝန်ကြီးဌာနများအား လာဘ်ပေးလာဘ်ယူကိစ္စများအတွက် ပိုက်စိပ်တိုက်စိစစ်ရန် နိုင်ငံတော်သမ္မတကြီးက ညွှန်ကြားထားခြင်း ရှိ၊မရှိ မေးခွန်းအား ဦးရဲထွဋ်က ပြန်လည်ဖြေကြားရာတွင် “ရှိပါတယ်။ သမ္မတကြီးက၊ နံပါတ်တစ်ကတော့ဗျာ။ လက်ကျန်တွေ အကုန်ရှင်းပစ်တာ။ ၈၉၊ ၉ဝ လောက်က ဖြစ်ခဲ့တဲ့ဟာတွေ တချို့ဟာတွေဆို ၈၈ အရေးအခင်းတုန်းက မီးလောင်ခဲ့တဲ့ ကားတွေတောင်မှ စာရင်းမရှင်းရသေးဘူး။ ဂိုဒေါင်တွေမှာ မှတ်တမ်းတွေပျောက်သွားလို့ ကြွေးဆုံးတဲ့ဟာတွေတောင် မရှင်းခဲ့ဘူး။ ဒီအစိုးရသစ်တက်တော့ မှ သမ္မတကြီးက ဒီအတွင်းမှာတော့ ရှင်းသင့်တာတွေအားလုံးကို ရှင်းမယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီပေါ့။ ဒါတွေ ရှင်းနေတယ်။ ဒါတွေက အတိတ်ကိုကိုင်နေတာ။

အခုလက်ရှိစာရင်းစစ်ချုပ်ရုံးကိုလည်း တိတိကျကျစစ်ဖို့ ပြောထားတယ်။ internal audit လို့ခေါ်တဲ့ ဝန်ကြီးဌာနအတွင်းမှာလည်း စာရင်းစစ်အဖွဲ့တွေ ရှိတယ်။ အဲဒါတွေကလည်း ကျွန်တော်တို့ လစဉ်စစ်ပြီးတော့မှ ကိုယ့်ဝန်ကြီးကိုလည်း အစီရင်ခံရတယ်။ စစ်ဆေးတွေ့ရှိချက်ကိုလည်း ဝန်ကြီးဌာနကနေ သမ္မတရုံးကို အစီရင်ခံရတယ်။ ဒါက လက်ရှိဟာကို ဖြေရှင်းနေတာ။ တတိယက အလွဲသုံးစားမှုဖြစ်လာပြီဆိုရင် အရေးကို ယူရမယ်။ ဒါကြောင့်မို့လို့ တင်ဒါစနစ်ဆိုရင် open tender ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို တိတိကျကျညွှန်ကြားထားတယ်။လူတစ်ယောက်တိုင်ကြားပြီဆိုတာနဲ့ အဲဒီစနစ်အတိုင်းလုပ်တယ်၊ မလုပ်ဘူးဆိုတာကို စပြီးတော့ စစ်မှာပဲ။ ဖြစ်ရင် ကျွန်တော်တို့က တာဝန်ရှိတဲ့သူကို အရေးယူမှာပဲ”ဟု ဦး ရဲထွဋ်က ပြောကြားသည်။

“သမ္မတကြီး စတာဝန်ယူကတည်းကို က လာဘ်ပေးလာဘ်ယူမှုကိစ္စဟာ ကျွန် တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ခုအဖြစ် အသိအမှတ်ထားခဲ့တာပေါ့။ ကျွန်တော်တို့ မကြာခဏ နာမည်ထုတ်မပြောပေမယ့် ဌာနဆိုင်ရာအကြီးအကဲတွေ၊ ညွှန်ချုပ်တွေ၊ တချို့ဝန်ကြီးတွေကို ကျွန်တော်တို့ အရေးယူခဲ့တာတွေရှိပါတယ်။ အခုဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပေါ်လာပြီ။ ဒါကြောင့်မို့ ဘယ်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ရင် အထောက်အထားခိုင်လုံတယ်ဆိုရင် ကျွန်တော်တို့က အရေးယူမှာပါ။ ဘယ်သူမဆိုလည်း တိုင်ကြားလို့ရပါတယ်”ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဝန်ကြီးဌာန ၂၉ ခု၊ ဗဟိုအဖွဲ့အစည်း ခြောက်ခုတို့သည် ငွေကျပ်သန်းပေါင်း သောင်းချီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသည့်အပြင် ဥပဒေ၊ နည်းဥပဒေဘဏ္ဍာရေး စည်းမျဉ်းများနှင့်မညီသော လုပ်ဆောင်ချက်များကို စစ်ဆေးတွေ့ရှိရကြောင်း ဇန်နဝါရီ ၂၈ ရက်က တင်သွင်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၂၉ ခုသည် ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော လုပ်ဆောင်ချက်များကို စစ်ဆေးတွေ့ရှိရကြောင်း ပါရှိသည်။

ထိုသို့ လုပ်ထုံးလုပ်နည်းနှင့် မညီသော၊ ဥပဒေနှင့်မညီသော ဖြစ်စဉ်အရေအတွက် အများဆုံးဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးဌာနမှာ စက်မှုဝန်ကြီးဌာနဖြစ်သည်။  

http://www.myanmarexpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ