Related Posts Plugin for WordPress, Blogger...

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို ဇွန်လကုန်မှစ၍ ရခိုင်ပြည်နယ်တွင် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြား လိုက်သည်။
ဇွန်လ ၁၃ ရက်က စစ်တွေ မြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများနှင့် ရပ်မိ ရပ်ဖများ၊ အရပ်ဘက်အဖွဲ့အ စည်းများ တွေ့ဆုံရာ၌ ဦးခင်ရီ က ယင်းကဲ့သို့ ထည့်သွင်းပြော ကြားသွားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများက ပြော သည်။
ယခုဇွန်လကုန်မှ စတင်၍ မြေပုံမြို့နယ်ကို Pilot Plan အ ဖြစ်သတ်မှတ်ပြီး ၁၉၈၂ ဥပဒေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းနောက် ရရှိလာသော အောင် မြင်မှုအပေါ် မူတည်၍ရခိုင်ပြည် နယ်အတွင်း ဆက်လက်ဆောင် ရွက်သွားမည်ဟု ဦးခင်ရီက ပြော ကြားခဲ့ကြောင်း တွေ့ဆုံပွဲတက် ရောက်ခဲ့သော စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးသန်းထွန်းက ပြော သည်။
၁၉၈၂ ဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံခြားဖြစ်ခွင့် လျှောက်ထားလို သူများသည် လျှောက်လွှာတင် သွင်းရမည်ဖြစ်သည်။ ယင်းအ တွက် လျှောက်လွှာလက်ခံရေး အဖွဲ့၊ မြို့နယ်နှင့် ပြည်နယ်စိစစ် ကြီးကြပ်ရေးအဖွဲ့ သုံးဖွဲ့ကို သက် ဆိုင်ရာဌာန တာဝန်ရှိသူများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။ ယင်း အဖွဲ့များမှတစ်ဆင့် နိုင်ငံသားပြု ခွင့် လျှောက်လွှာများကို ဗဟိုစိစစ် ရေးအဖွဲ့သို့ တင်ပြစိစစ်သွားမည် ဖြစ်သည်။ ယင်းသို့ စိစစ်ပြီး ၁၉၈၂ ဥပဒေနှင့် ကိုက်ညီသူများ ကို မြန်မာနိုင်ငံသားအဖြစ် လက် ခံသွားမည်ဟု ဦးခင်ရီက ပြော ကြားကြောင်း တွေ့ဆုံပွဲ တက် ရောက်ခဲ့သူများက ဆိုသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်မီ ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရှစ်နှစ် တစ်ဆက်တည်း နေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရရှိမည်ဖြစ်သည်။
ရခိုင်ပဋိပက္ခ ပြေလည်စေ ရန် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို စနစ်တကျ အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်သင့်ကြောင်း ရခိုင်စုံစမ်းစစ် ဆေးရေးကော်မရှင် အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ထို့အပြင် ရခိုင်တိုင်းရင်းသား အင်အားစု များက ယင်းဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့ကြသည်။ သို့သော် လည်း ၁၉၈၂ ခုနှစ် ဥပဒေသည် လူ့အခွင့်အရေးနှင့် ကိုက်ညီမှု မရှိ ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။


7 Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ