Related Posts Plugin for WordPress, Blogger...

မန္တလေး၊ ဇွန် ၁၁

ဖောက်ထွင်းမှု၊ အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပေါ်လျက်ရှိသော မန္တလေး မြို့တော်တွင် လူစည်ကားသည့် နေရာများတွင် ဆိုင်ကယ်ဖြင့် အလစ်သုတ်ခြင်း အမှုများ ယမန်နှစ်ကထက် ထက်ဝက်နီးပါး မြင့်တက်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များက ဆိုင်ကယ်ဖြင့် လုယက်မှုများမှာ တစ်လလျှင် သုံးကြိမ်ခန့်သာ ဖြစ်ပွားနေပြီး လက်ရှိ နှစ်ပိုင်းအတွင်း မြို့လယ်ကောင်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ခြင်း၊ ပိုက်ဆံအိတ် လုယက်မှု များသည် နေ့ခင်းပိုင်းထက် လူစည်ကားသည့် ညနေပိုင်းအချိန် လမ်းမများပေါ်တွင် အဖြစ်များလေ့ ရှိသဖြင့် ပြီးခဲ့သည့်နှစ်နှင့် နှုန်းယှဉ်လျှင် တစ်ပတ်လျှင် အနည်းဆုံး လုယက်မှုတစ်မှုနှုန်း ဖြစ်ပွားနေကြောင်း ၎င်းကထပ်မံပြောကြားသည်။

“ဒီနှစ်က ဖြစ်ပွားမှု အရင်နှစ်ထက် ပိုများနေတယ်။ လုယက်ခံရတဲ့သူတွေ အနေနဲ့လည်း သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေမှာ အမှုဖွင့်ပေးပါ။ အဲ့ဒါကျမှ ကျူးလွန်တဲ့ သူတွေရဲ့ ပုံစံတွေကို ဆက်စပ်ပြီး ဖော်ထုတ် ဖမ်းဆီးနိုင်မှာပါ။ စုံစမ်းစစ်ဆေးရေး အဖွဲ့လေးဖွဲ့ကို သီးသန့် ထားရှိထားတယ်။ လှည့်ကင်း၊ ရပ်ကွင်း၊ စောင့်ကြည့်ကင်းတွေ ထားရှိထားတယ်” ဟု ၎င်းက ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းပြသည်။

ဇွန်လ ၁၀ ရက်နေ့ည ၇ နာရီအချိန်က အမျိုးသမီး တစ်ဦးသည် မန္တလေးမြို့တော် ၂၆ လမ်း၊ ၇၆x၇၇ လမ်းကြားတွင် အနောက်မှ အရှေ့သို့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်၍ မောင်းနှင်ခဲ့ရာ ယာဉ်ကြော ရှုပ်ထွေးနေချိန်တွင် အမည်မသိ အမျိုးသားတစ်ဦးက ပိုက်ဆံအိတ်ကို ဆွဲယူ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ လုယက်ခံရသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းနေ့ နံနက်ခင်း ၈ နာရီခန့်ကလည်း အမျိုးသားတစ်ဦးသည် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းနှင့် ၂၂ လမ်းထောင့် အရောက် လမ်းအရှေ့ဘက်သို့ ချိုးကွေ့စဉ် စီဇက်အိုင် အမျိုးအစား အဖြူ၊ အနက်ရောင် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ကျော်တက်ပြီး ဆိုင်ကယ် ရှေ့ခြင်းတွင် ထည့်ထားသော ပိုက်ဆံအိတ်ကို ဆွဲယူထွက်ပြေးခဲ့ကြောင်း၊ ယင်းပိုက်ဆံအိတ် အတွင်းမှ ငွေ ၇၀၀၀ ကျပ်၊ ဆင်းကတ်ပါ ဟန်းဆက်တစ်လုံး၊ ကျောင်းစာအုပ်သုံးအုပ်၊ မှတ်ပုံတင်တစ်ခု၊ ယာဉ် မောင်းလိုင်စင်တစ်ခု ပါသွားသဖြင့် အမှတ် (၁)နယ်မြေ ရဲတပ်ဖွဲ့ စခန်းတွင် (ပ)၁၂၂ /၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့တော်တွင် ၂၀၁၂ ခုနှစ်အတွင်း လုယက်မှု ၅၃ မှု၊ ၂၀၁၃ ခုနှစ် ၆၄ မှု၊ လက်ရှိနှစ် မေလအထိ ၄၀ မှု ရှိနေပြီ ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ