Related Posts Plugin for WordPress, Blogger...

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် နှင့် အရေးပေါ်ကယ်ဆယ်ရေးလက်ထောက်ညှိနှိုင်းရေးမှူး Ms. Kyung-wha Kang ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Renata တို့နှင့် စစ်တွေမြို့မိမြို့ဖအဖွဲ့တို့ ၁၂.၆.၂၀၁၄ ညနေ ၆း၀၀ နာရီတွင် တွေ့ဆုံကြသည် ။ စစ်တွေမြို့မိမြို့ဖ ဖက်မှ ဦးသာပွင့် ၊ ဦးသန်းထွန်း ၊ ဦးမြင့်ဦး နှင့် ဦးကျော်ဇောအောင်
တို့ တက်ရောက်ကြသည် ။

အဓိကဆွေးနွေးချက်အချို့ကို တင်ပြလိုက်ပါသည် ။
------------------------------------------------
UN … ကမ္ဘာအနှံ့ မိမိတို့ UN အဖွဲ့အစည်းများကို လက်ခံကြိုဆိုပြီး ပေးအပ်သော အကူအညီများကို ၀မ်းပန်းတသာလက်ခံကြသည် ။
သို့သော် ယခုရခိုင်ပြည်နယ်တွင် UN နှင့် မိတ်ဘက်အဖွဲ့အစည်းများကို လက်မခံရုံသာမက ရန်သူသဖွယ်ဆက်ဆံ ထိန်းကျောင်းရန် ကြိုးစားနေကြသည်ကို သိရှိရ၍ အံ့သြမိပြီး အကျိုးအကြောင်း အသေးစိတ်ကိုရှင်းပြပေးကြရန်
တောင်းဆိုပါသည် ။

T Elders … သမိုင်းအဆက်ဆက် ကုလားများအလုံးအရင်းနှင့် ၀င်ရောက်လာမှု ၊ နယ်စပ်မလုံခြုံမှုကြောင့် တစိမ့်စိမ့်ဝင်ရောက်လာမှု တို့ကိုရှင်းပြ ။ ကုလားတို့၏ ရခိုင်ကျေးလက်များအပေါ် အကြမ်းဖက်မှု ၊ ရခိုင်ရွာအများအပြား တပြိုင်နက် မီးရှို့ခံရမှု တို့ကိုရှင်းပြ ။
ထိုကြောင့် မိမိရခိုင်တို့၏ ရန်သူဖြစ်သော ကုလားများကို မိတ်ဆွေရင်းသဖွယ်
ဆက်ဆံ ပံ့ပိုးနေသော UN အဖွဲ့အစည်းများကိုလည်း မိမိရခိုင်တို့၏ ရန်သူများသဖွယ်မြင်လာကြသည်မှာ အပြစ်မဆိုသာ ။

UN … လူ့အခွင့်အရေးအရ လူသားတိုင်းတွင် လွတ်လပ်စွာ အသက်ရှည်ရပ်တည်ခွင့် ၊ သွားလာခွင့် ၊ ပညာသင်ကြားနိုင်ခွင့် ၊ အသက်မွေးဝမ်းကျောင်းပြုပိုင်ခွင့် ရှိသည်သာဖြစ်၍ ထိုကိစ္စများအတွက် UNHCR က ၀င်ရောက် ဆောင်ရွက်
နေရခြင်းဖြစ်သည် ။

T Elders … နိုင်ငံသားအခွင့်အရေးကို လျစ်လျူရှုပြီး လူ့အခွင့်အရေးသက်သက်သာဆောင်ရွက်နေမည် ဆိုလျင်တော့ မည်သည့်နိုင်ငံဒေသခံမျှ လက်ခံနိုင်လိမ့်မည်မဟုတ် ။
လူ့အခွင့်အရေး ကျေညာစာတမ်း အပိုဒ် ၁၃(၂) အရ လူတစ်ဦးသည်
မိမိတိုင်းပြည်မှ လွတ်လပ်စွာထွက်ခွာခွင့်နှင့် ပြန်လည်ဝင်ရောက်ခွင့်ရှိသည် ဟု ပြဌာန်းထားချက်ကို မလိုက်နာသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအပေါ်
အဘယ်ကြောင့် UN တို့ ဖြေရှင်းချက် မတောင်းကြပါသနည်း ။

UN … ဘင်္ဂလီအများစုကို မြန်မာအစိုးရမှ သက်သေခံကပ်ပြားတစ်ခုခုပေးဖို့
ငြင်းဆိုနေရာ ထိုဘင်္ဂလီတို့သည် နိုင်ငံမဲ့ ( state less ) များသဖွယ်ဖြစ်နေရာ ၊ ထို နိုင်ငံမဲ့များအတွက် UNHCR က တာဝန်ယူနေရသည် ။

T Elders … State less ဖြစ်နေရသူ ဘင်္ဂလီများအတွက် အဓိကတာဝန်ရှိသည့် မူရင်းတိုင်းပြည် ဘင်္ဂလာဒေ့ရှ်ကို အကျိုးအကြောင်းဖေါ်ပြပြီး အဘယ်ကြောင့် ဆွေးနွေးဖို့ မစဉ်းစားကြပါသနည်း ။

UN … ၂၆/၂၇ ပြသနာဖြစ်ပြီး ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြသည့် UN နှင့် မိတ်ဘက်အဖွဲ့အစည်းတို့သည် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ကန့်သတ်ခံရမှု နှင့် စိုးရိမ်ရမှုများရှိနေကြသည် ။ ထိုအခြေအနေများ ပြေလျော့သွားအောင် ရခိုင်လူထုများကို နားလည်လက်ခံလာနိုင်အောင် ရှင်းပြတိုက်တွန်းပေးကြရန် မေတ္တာရပ်ခံပါသည် ။

T Elders … ထိုကိစ္စများအတွက် အဓိကတာဝန်ရှိသူမှာ UN နှင့် မိတ်ဘက်အဖွဲ့အစည်းများသာဖြစ်သည် ။ ညီမျှပါသည်ဟု မည်ကဲ့သို့ပင်ပြောနေစေကာမူ လက်တွေ့ လုပ်ရပ်များတွင် တစ်ဘက်သပ် ဘက်လိုက်မှု များစွာရှိနေသည် ။
( မြို့မိမြို့ဖ များဘက်က ခိုင်လုံသည့် သက်သေအထောက်အထားများအဖြစ် သဲချောင်းကုလား IDP စခန်း ၊ သက္ကယ်ပြင်ကုလားရွာ ၊
ရခိုင်ဆတ်ရိုးကျ ဒုက္ခသည်စခန်း တို့၏ ဆေးခန်းများ အဆောက်အဦ
အခြေအနေကွာခြားပုံတို့ကို ဓါတ်ပုံများဖြင့်တင်ပြ ။)
ပြန်ဝင်လာပြန်တော့လည်း အချိုးမပြောင်းဘဲ ယခင်အတိုင်း ဆက်လုပ်နေလျင် မည်သည့်နည်းနှင့်မျှ ရခိုင်တို့ နားလည်လက်ခံလာအောင် ပြောပြ၍ မရနိုင် ။ ယခင်အတိုင်းပြန်ဖြစ်မည်သာဖြစ်သည် ။

UN … မိမိတို့ UN အပါအ၀င် မိတ်ဘက်အဖွဲ့အစည်းများသည်
ပြည်ထောင်စု အစိုးရ၏ ဖိတ်ခေါ်ချက်အရ မြန်မာပြည်တွင်းဝင်ရောက် ကူညီလုပ်ကိုင်ပေးနေသူများဖြစ်ရာ ယခုကဲ့သို့ ကန့်သတ်မှုများနှင့် စိုးရိမ်ရမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုလျင် မိမိတို့ ရခိုင်ပြည်နယ်မှ
ပြန်လည်ထွက်ခွာသွားမည်။( ခပ်တင်းတင်းပြော )

T Elders … အစိုးရဖိတ်ခေါ်ချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ။ ဖိတ်ခေါ်ခြင်းခံရအောင်လည်း တစ်ခြားနည်းလမ်းဖြင့် ကြိုးစားချင် ကြိုးစားကြပါလိမ့်မည်။
သို့သော် သေချာသည်ကတော့ UN နှင့် မိတ်ဘက်အစည်းများကို
ရခိုင်လူထုက ဖိတ်ခေါ်ခဲ့ခြင်းတော့မဟုတ်ပါ ။
UN အဖွဲ့အစည်းများ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားလျင်လည်း နဂိုကတည်းက ဘာခံစားခွင့်မှမရှိသော ရခိုင်လူမျိုးတို့အတွက် ထူးထူးကဲကဲ နစ်နာစရာမရှိပါ ။

UN …. ( လေသံပြောင်းသွား ) ဒါဆိုရင် UN နှင့် မိတ်ဘက်အဖွဲ့အစည်းများ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်နိုင်ရန် မည်ကဲ့သို့ဆောင်ရွက်သွားရမည်ကို အတူတကွ ညှိနှိုင်းအဖြေရှာပေးကြစေလိုသည် ။

T Elders … မောင်တောမှ ကုလားများကို ဒုက္ခသည်အဆင့်မသတ်မှတ်ပါနှင့် ။
မိမိတို့သည် ဗုဒ္ဓဘာသာများပီပီ ဆာလောင်နေသူကို အစာကျွေးခြင်းကို ကန့်ကွက်စရာမရှိပါ ။ သို့သော် UN အဖွဲ့အစည်းများနှင့် မဆိုင်သည့် နိုင်ငံရေးရာကိစ္စများကို ၀င်ရောက်မစွက်ဖက်ကြပါနှင့် ။
ရိုဟင်ဂျာ ဆိုသည်ံ မြန်မာတစ်နိုင်ငံလုံးက လက်မခံနိုင်သည့် အသုံးအနှုံးကို ရှောင်ကြည်ပါ ။
ရခိုင်လူထုတို့က UN နှင့် မိတ်ဘက်အဖွဲ့အစည်းများအပေါ် သဘောထားပျော့ပြောင်းလာစေလိုလျင် ထင်သာမြင်သာရှိမှု ၊ အစစ်အမှန် မျှတမှု ၊ ရခိုင်တို့အတွက် လက်ဆုတ်လက်ကိုင်ပြနိုင်သည့် ဖွံ့ဖြိုးရေးအစဉ်အစဉ်များ မြန်မြန်ထက်ထက်ဆောင်ရွက်ပေးမှုတို့ ပြုလုပ်သင့်သည် ။

UN … ယခုလို ပူးပေါင်းဆွေးနွေး အကြံဥာဏ်များ ပေးကြသည့်အတွက် အထူးကျေးဇူးတင်ပါသည် ။
Ms. Renata ကလည်း ရခိုင်ကျေးလက်များ အလျင်အမြန်ဖွံ့ဖြိုးရေးအတွက် စီစဉ်ဆောင်ရွက်နေပါသည်။

T Elders … ယခုဆွေးနွေးပွဲသည် တစ်ဘက်နှင့်တစ်ဘက် အပြစ်ရှာနေကြခြင်းမဟုတ်ဘဲ ပြသနာဖြေရှင်းရန် ပူးပေါင်းအဖြေရှာကြခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါသည်။ ကျေးဇူးပါ ။

( Than Tun Than )

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ