
သိပ္ပံနှင့်
နည်းပညာဝန် ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ
တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနိုင်ငံရေး
ဆူပူလှုပ်ရှားမှုများ၌ ပါဝင်ပါက ကျောင်းမှ ထုတ်ပယ်ခံ ရမည်ဟု
သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန၊ စက်မှုနှင့် သက်မွေး ပညာဦးစီးဌာနက ဇွန်လ ၉
ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ထားသည်။
မေလ ၂၈ ရက်က ကျင်းပ သော သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာန၊
စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး သဘောတူ ဆုံး ဖြတ်ချက်အရ နိုင်ငံရေးဆူပူမှု
ဆိုင်ရာပြစ်မှုများ၊ အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာပြစ်မှုများနှင့်
ကျောင်းစည်းကမ်းဆိုင်ရာပြစ်မှုများ ကျူးလွန်ပါက အရေးယူခံရမည့်
ပြစ်ဒဏ်များကို အသိပေး ကြေညာခြင်းဖြစ်သည်။
အထက်ပါပြစ်မှုနှင့် ပြစ်ဒဏ်ဆိုင်ရာအသိပေးချက်ကို ဇွန်လ ၁၀ ရက်က
ရမည်းသင်းနည်းပညာတက္ကသိုလ်တွင် ကျောင်းအုပ်ကြီးလက်မှတ်ရေးထိုး၍
ကြော်ငြာသင်ပုန်းတွင် ကပ်ထားသော် လည်း အခြားနည်းပညာတက္က သိုလ်များတွင်
ကြေညာမှုမရှိသေး ကြောင်း သိရသည်။
‘‘ကျောင်း စည်းကမ်းတွေ ထုတ်ပြန်တာ ကျွန်တော်တို့ သိသ လောက်တော့
တစ်ကျောင်းတည်းဖြစ်နေတယ်။ ဒါပေမဲ့ ၀န်ကြီး ဌာနနဲ့ ဦးစီးဌာနက ညွှန်ကြားထား
တာပါ။ ဘာလို့ ကျွန်တော်တို့ တစ်ကျောင်းတည်းကို အသိပေး ကြေညာကပ်ထားလဲတော့
တိတိ ကျကျမသိဘူး။ ရမည်းသင်းနည်း ပညာတက္ကသိုလ် ကျောင်းသား တွေ ၄၃၆
ပြင်ဆင်ရေးတက်တက် ကြွကြွ ပါဝင်လှုပ်ရှားနေတာ ရှိ တယ်။ အမျိုးသားပညာရေးဥပဒေ
မူကြမ်းကိုလည်းကန့်ကွက်မှုတွေ ပိုလုပ်ဖို့ရှိပါတယ်။ အဲဒီအတွက် ကြိုသတိပေးတဲ့
သဘောလို့တော့ မြင်တယ်’’ဟု ရမည်းသင်းနည်း ပညာတက္ကသိုလ် ကျောင်းသား
များသမဂ္ဂမှ ကျောင်းသားတစ်ဦးကပြောသည်။
ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်မှ ကျောင်းသား တစ်ဦးက
၎င်းတို့တက္ကသိုလ်တွင် အသိပေးကြေညာချက်ကပ်ထား
ခြင်းမရှိကြောင်းနှင့်ပါမောက္ခချုပ် များ မေလ ၂၈ ရက်က အစည်း
အဝေးပြုလုပ်ခဲ့သည်ကို သတိပြု မိကြောင်း ပြောသည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား အသိပေး ကြေညာမှုတွင်
နိုင်ငံရေးဆူပူမှု ဆိုင်ရာပြစ်မှုခြောက်မှု၊
အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှု ခုနစ်မှု၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှု
ဆိုင်ရာ ပြစ်မှုသုံးမှုနှင့် ၀န်ကြီးဌာန ၏ လိုအပ်ချက်အရ ထုတ်ပြန်ထားသော
စည်းကမ်းဆိုင်ရာ ပြစ်မှုနှစ်မှုတို့ပါဝင်ကြောင်း သိရသည်
7 Day Daily

0 comments