Related Posts Plugin for WordPress, Blogger...


မြန်မာနိုင်ငံရှိ ကလေးသူငယ် များစွာသည်
 မိမိတို့ ရသင့်သည့် ကလေးသူငယ် အခွင့်
အရေး များစွာ ဆုံးရှုံးလျက်ရှိပြီး အနာဂတ်
တွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရဖွယ်


ရှိနေကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဥက္ကဋ္ဌဖြစ်သူ ဦးအာကာစိုးနောင်မှ ပြောကြားခဲ့သည်။

“ကလေးသူငယ်တိုင်းကလည်း မိမိတို့ရဲ့ ရသင့်တဲ့ အခွင့်အရေးတွေကို သိထားသင့်ပါတယ်။ ကလေးသူငယ်ဆိုတဲ့ နေရာမှာ မိခင်ဝမ်းထဲမှာ ပဋိသန္ဓေစကနေ ၁၈နှစ်အောက်အထိ အကျုံးဝင် ပါတယ်။ အခုမြန်မာနိုင်ငံက ကလေးတွေဟာလည်း အခြားနိုင်ငံက ကလေးတွေ နည်းတူ တန်းတူ အခွင့်အရေး ရရှိသင့်ပါတယ်။ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ်မှာလည်း ကလေးသူငယ် အခွင့်အရေးများ ပါဝင်ထားတာဟာ ကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာနိုင်ဖို့ပါပဲ”ဟု ဦးအာကာစိုးနောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်ရေးများမှာ သိသိသာသာပင် ချိုးဖောက်ခံနေကြရကာ ယင်းကဲ့သို့ ချိုးဖောက်ခံနေရခြင်းနှင့် ပတ်သက်၍လည်း သိရှိသူများ နည်းပါးလျက် ရှိနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အံ့မခန်း အဟာရ အဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးဝဏ္ဏအောင်က “ကလေးတိုင်းဟာ တကယ်တော့ တန်းတူညီမျှ အခွင့်အရေး အားလုံး ပိုင်ဆိုင်သင့်ပါတယ်။ ကျွန်တော် အဓိက ပြောချင်တာက ကလေးတွေရဲ့ အနာဂတ်ဟာ လူကြီးတွေရဲ့ ငြိမ်းချမ်းမှုအောက်မှာ မြေစာပင် မဖြစ်သင့်ပါဘူး”ဟု ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးများစွာ အတွက် သရုပ်ဆောင်မော်ဒယ် နန်းခင်ဇေယျာနှင့် အဆိုတော် စောဖိုးခွားတို့အား ကလေးသူငယ် သံတမန်အဖြစ် ခန့်အပ်ထားခဲ့ကြောင်း သိရသည်။

“တိုင်းပြည်ရဲ့ မငြိမ်းချမ်းသေးတဲ့ နေရာတွေမှာ အခွင့်အရေးကို ဆုံးရှုံးနေရတဲ့ ကလေးတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ရခိုင်တို့၊ ကချင်တို့လို နေရာမျိုးတွေမှာ မငြိမ်းချမ်းမှုကြောင့် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အဟာရ ချို့တဲ့မှုတွေနဲ့ ကြုံနေကြရပါတယ်။ ကလေး သူငယ် အခွင့်အရေးထဲမှာပါတဲ့ အကောင်းဆုံးသော ပညာသင်ကြားခွင့် ရှိရမယ်ဆိုတဲ့ အခွင့်အရေးကို သူတို့ဆုံးရှုံးရပါတယ်။ ကလေး သူငယ် အခွင့်အရေးကို အကောင်အထည် ဖော်ဖို့ဆိုရင် အဓိက လိုအပ်တာက လက်နက်ကိုင်များ အပစ်အခတ် ရပ်စဲရေးပါပဲ”ဟု ဦးအာကာစိုးနောင်မှ ပြောကြားခဲ့သည်။

Tomorrow News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ