Related Posts Plugin for WordPress, Blogger...


၂၉.၅.၂၀၁၄ ရက်နေ့တွင် လူမှုကွန်ယက်
စာမျက်နှာတစ်ခုမှ ကမာရွတ်မြို့နယ်၊ သံလွင်
လမ်း၌လူတစ်စုမှ မော်တော်ယာဉ်နှင့်
တိုက်မိသကဲ့သို့ဟန်ဆောင်ကာ


အုပ်စုဖွဲ့လုယက်ရန်ပြုလုပ်ခဲ့
ကြောင်းသတင်းပေးဖော်ပြ လာသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသတင်းအားသိရှိသည်နှင့်တစ်ပြိုင်နက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ သတင်းပါအချက်များအပေါ် အတည်ပြုစုံစမ်းဖော်ထုတ်ပြီးပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးသွားရန်အတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့များကိုသတင်းရရှိသည့်ညပိုင်းမှစ၍ အခင်းဖြစ်ပတ်ဝန်းကျင်၌
အသွင်ယူစုံစမ်းဆောင်ရွက်စေခဲ့ပါသည်။

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပတ်ဝန်းကျင်၌ နေ့/ညအသွင်ယူ၍စောင့်ကြည့်စုံစမ်းဆောင်ရွက်ခဲ့ရာ ၃.၆.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်
ခန့်တွင် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊

သံလွင်လမ်းရှိခြံတစ်ခြံရှေ့၌ အုပ်စုဖြင့်မသင်္ကာတွေ့ရှိသူ မင်းမင်းလတ်၊(၂၈)နှစ်၊ (ဘ)ဦးမောင်နွဲ့၊မောင်စိန်ရပ်ကွက်၊ ဒလမြို့နယ်၊ ကြွက်ကလေး(ခ)သီဟဇော်၊(၂၀)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်၊ အောင်အောင်၊ (၂၅)နှစ်၊ (ဘ)ဦးမိုးဝင်း၊ မှော်စက်
ရပ်ကွက်၊ ဒလမြို့နယ်၊ ကုလား(ခ)၀င်းတင်၊(၂၀)နှစ်၊
(ဘ)ဦးတင်အေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နေသူနှင့် သံချောင်း၊(၂၁)နှစ်၊(ဘ)ဦးထွန်းမောင်၊ ကမာကဆစ်ရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့(၅)ဦးသည် ယင်းနေ့ ၀၈၄၅ အချိန်ခန့်က သံလွင်လမ်းတွင် မောင်းနှင်လာသည့် အနက်ရောင်မော်တော်ယာဉ်၏ယာဘက်ခြမ်းအား သီဟဇော်မှ
လက်ဖြင့်ရိုက်၍ လှဲချကာ ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ပြီးငွေတောင်းရန်ပြုလုပ်ခဲ့သော်လည်း ယာဉ်မှာရပ်တန့်ခြင်းမရှိဘဲမောင်းနှင်သွားသဖြင့် ယာဉ်ပိုင်ရှင်၏နေအိမ်အားစုံစမ်းကာ သွားရောက်၍ငွေကြေးတောင်းရန်ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ၎င်းတို့(၅)ဦးသည် ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက တာမွေမြို့နယ်၊ တာမွေသချိုင်းဟောင်းအနီးတွင် အမျိုးသားတစ်ဦး
မောင်းနှင်လာသော အနက်ရောင်မော်တော် ယာဉ်၏ယာဘက်
ဘေးအား ဇော်လင်းထိုက်မှ လက်ဖြင့်ရိုက်၍လှဲချကာ ယာဉ်ဖြင့်
တိုက်မိဟန်ဆောင်ပြီး ငွေကျပ်(၁)သိန်းအားလည်းကောင်း၊

 မေလအတွင်းက ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်း၊ သျှင်ပါဂူဆေးရုံအနီးတွင်
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မောင်းနှင်လာသောအနက်ရောင် မော်တော်ယာဉ်၏ ယာဘက်ဘေးအား ၀င်းတင်မှလက်ဖြင့်ရိုက်ကာ ဇော်လင်းထိုက်မှယာဉ်ဖြင့်တိုက်မိဟန်ဆောင်ပြီး လှဲချကာ ဆေးဖိုးအဖြစ် ငွေကျပ်(၇၀၀၀၀)အားလည်းကောင်း၊

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ အာရှတော်ဝင်ဆေးရုံအနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်၏ ယာဘက်ဘေးအား မင်းမင်းလတ်မှ လက်ဖြင့်ရိုက်၍လှဲချကာ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်ပြီး ငွေကျပ်(၆၀၀၀၀)အားလည်းကောင်း၊ လွန်ခဲ့သောတစ်ပတ်ခန့်က ဗဟန်းမြို့နယ်၊ဖိုးစိန်လမ်း၌ အမျိုးသားတစ်ဦးမောင်းနှင်လာသောအစိမ်းရောင်
မော်တော်ယာဉ်၏ယာဘက်ခြမ်းအား ၀င်းတင်မှလက်ဖြင့်ရိုက်၍လှဲချကာ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်ပြီး ဆေးဖိုးအဖြစ် ငွေကျပ်(၅၀၀၀၀)အားလည်းကောင်းတောင်းယူခဲ့ကြကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့(၅)ဦးအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ယင်းကဲ့သို့ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းပေးပို့တင်ပြလာမှုအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့သဖြင့်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ရာ ရဲတပ်ဖွဲ့မှ ပြည်သူ ဗဟိုပြုသည့်ရဲလုပ်ငန်းစနစ်ဆောင်ရွက်နေချိန်တွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုကြောင့် ထိရောက်အောင်မြင်မှုများရှိလာခဲ့ခြင်းဖြစ်
ပါကြောင်းနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒသကြီးရဲတပ်ဖွဲ့မှအထူးကျေးဇူးတင်ရှိပါကြောင်း၊
နောင်တွင်လည်း ပြည်သူများမှ ယခုကဲ့သို့ပူးပေါင်းပါဝင်၍ သတင်းပေးပို့ကြပါရန် တိုက်တွန်းအသိပေးဖော်ပြအပ်ပါသည်။

Yangon police
http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ