Related Posts Plugin for WordPress, Blogger...

ပါတီအတွင်း ဒေါ်အောင်ဆန်းစု ကြည်ကဲ့သို့ စိတ်နေစိတ်ထားနှင့် တိုင်းပြည် အကျိုးပြုနိုင်သည့် ခေါင်းဆောင် များပေါ်ပေါက်လာ နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကဦးတင်ဦးကပြောသည်။ နာယကဦးတင်ဦးက ''ဒေါ်အောင်ဆန်းစုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက်လာဖို့ရှိတယ်။ လူဆိုတာ အသက်အရွယ်အရ ကြီးရင့်လာမှာဆိုတော့ လူငယ်မျိုး ဆက်နိုင်ငံရေး သမားတွေပေါ်ပေါက်လာ ဖို့ လက်ကမ်း တွဲခေါ်လေ့ကျင့်ပေးဖို့ လိုတာပေါ့။ နိုင်ငံရေးဆိုတာတစ်သက် လုံး လုပ်နေရမယ့်ကိစ္စဖြစ်တော့ ဒီကနေတစ်ဆင့် ဒုတိယ၊ တတိယ ဒေါ်အောင် ဆန်းစုကြည်လိုခေါင်းဆောင်တွေပေါ်ပေါက်လာနိုင်မှာပါ''ဟု မီဒီယာများသို့ ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အောင်ဆန်းသွေး လှုပ်ရှားမှုများပြင်းထန် နေချိန်တွင် ဦးတင်ဦးမှ ယခုလိုပြောဆိုသည့် အတွက် ဒုတိယ ဒေါ်အောင်ဆန်းစုကြည် ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ သွေးသားရင်းချာ ခင်ရွှန်းလဲ့ဝေ ဖြစ်နိုင်ကြောင်း ရွေဂုံတိုင် NLD မှ လာသော သတင်းများအရ သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတစ်ဝန်းတွင်မြို့နယ် အဆင့်လူငယ်ညီလာခံများကျင်းပပေးနိုင်ခဲ့ကာ အရန်လူငယ်မျိုးဆက် သစ်ခေါင်းဆောင် ၄၅ဝဝ ခန့်ကိုရွေးချယ်ထားပြီး ပါတီ၏လက်ရှိဖွဲ့စည်းပုံအရ နာယကအဖွဲ့၊ ပါတီဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြင့် သာဖွဲ့စည်းထားပြီး ပါတီဒုဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးနေရာများတွင် လစ်လပ်လျက်ရှိသည်။ အဆိုပါနေရာများကို လစ်လပ်ထားခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ မြေးအငယ်ဆုံးဖြစ်သူ ခင်ရွှန်းလဲ့ဝေ ကို ခန့်အပ်ရန် ရည်ရွယ်ထားခြင်းကြောင့် ဖြစ်ကြောင်း NLD လူငယ် ခေါင်းဆောင် တစ်ဦးမှ ဆိုသည်။ 
 
ယခင် စစ်အစိုးရလက်ထက်က ပါတီမျိုးဆက်သစ် လူငယ်ခေါင်းဆောင် များ ပေါ်ထွက်လာစေရန် ရန်ကုန်တိုင်း အဆင့်ဗဟန်း၊ မင်္ဂလာဒုံ၊ လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်များတွင် လူငယ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ သော်လည်း စစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် ပါတီအနေဖြင့် လူငယ်ခေါင်း ဆောင်များမွေးထုတ်ရေးတွင် ခါးဆက်ပြတ်သကဲ့သို့ဖြစ်ခဲ့ကြောင်း ပါတီ နာယက ဦးတင်ဦးက ပြောသည်။
 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ