
ဗမာခေါင်းဆောင်အဆက်ဆက်
သူရဲကောင်းသတ္တိနှင့် ပြည့်စုံခဲ့သည်ဟု သမိုင်းတခေတ်တွင် ဖတ်ရူးရသည်။
ဗမာခေါင်းဆောင်တွေက အင်္ဂလိပ် ဂျပန်စသော ကိုလိုနီနယ်ချဲ့များကို
မြန်မာပြည်မှ တိုက်ထုတ်ခဲ့ကြသည်ကို သမိုင်းတခေတ်တွင် အထင်ကရဖြစ်ခဲ့ကြသည်။
သို့အတွက်ကြောင်း မြန်မာနိုင်ငံဟု ကမ္ဘာ့အလည်တွင် ရှင်သန်နေဆဲပင်ဖြစ်သည်။
သို့သော်လည်း
မသမာသော မြန်မာ့ခေါင်းဆောင်များကြောင်း မြန်မာနိုင်ငံတွင် အလေးအမြတ်ထားသော
နိုင်ငံရေးဦးတည်ချက်များကို ပေါ်ပေါ်ထင်ထင် ဖျက်စီးနေကြသည်။
ဗမာ့ခေါင်းဆောင်များသည် တကိုယ်တည်းလွတ်မြောက်မှုအတွက် ကြိုးပမ်းလာကြသည်ကို
ထင်ထင်မြင်မြင်တွေ့လာရသည်။ စစ်အာဏာအဆင်ဆင့်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့တမ်းတင်ပြီး
တိုင်းရင်းသားအချင်းချင်းရန်တိုက်ပေးခဲ့သည်။ ဦးနုလက်ထက်မှလည်း သူတို့၏
အာဏာရရှိမှုအတွက်ကိုသာ ကြည်ရူးပြီး ရခိုင်ပြည်တွင် ဘင်္ဂါလီကုလားများကို
ဦးစားပေးခဲ့သည်။
ဗမာသူခေါင်းအဆက်ဆက်သည်
တိုင်းရင်းတို့အပေါ်အဖိနှိပ်ခံလူမျိုးအဖြစ် ကျင့်သုံးလားသည်မှာ
လက်ရှိအတိုင်းထိဖြစ်သည်။ ကိုယ့်အသက် ကိုယ့်ခန္ဓာကိုယ်ကို မငဲ့ကွက်ပဲ အသေခံ၊
ထောင်အကျခံပြီး ဒီမိုကရေစီရေးအတွက် ဖိနှိပ်ရက်စက်တဲ့ စစ်အာဏာရှင်တွေကို
ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြတဲ့ရခိုင်ခေါင်းဆောင်းတွေကို အရာရာနှိပ်ကွက်ပြီး
ကုလားနှင့်တခြားတိုင်းရင်းသား များကိုသာ ဦးစားပေးစနစ်ကျင့်သုံးလာသည်။
ရခိုင်လူမျိုးတွေဟာ
စစ်အာဏာရှင်အဆက်ဆက်တွေရဲ့ ကြမ်းတမ်းဖိနှိပ်မှုများကို ကြံ့ကြံ့ခံ
ရင်ဆိုင်ရင်း ဒီမိုကရေစီရရေးအတွက် တိုက်ပွဲဝင်တဲ့နေရာ
ရခိုင်ပြည်သူလူထုတွေလည်း အသက်ပေးသွားကြတာ မနည်းတောပြီး။ NLD အတွက်လည်း
ဘယ်လောက်များ ရခိုင်ပြည်သူလူထုတွေက ထောင်နားစံခဲ့ကြလည်းမသိတော့ဘူး။
ဒါတွေကိုကြည့်ခြင်းအားဖြင့် ရခိုင်လူမျိုးတွေဟာ
မိမိရခိုင်လူမျိုးအတွက်သာမဟုတ်ပဲ မြန်မာတပြည်လုံး ဒီမိုကရေစီရရှိရေးအတွက်
လုပ်ဆောင်းခြင်းဖြစ်သည်ကို ကိုယ်ချင်းစာတရားဖြင့် သုံးသပ်စေချင်သည်။
ရခိုင့်နိုင်ငံရေးတွက်
ဒီမိုကရေစီရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်
တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်တွေပညာတတ်ရေးကို မျက်ကွယ်ပြုပြီး
အရာအားလုံးကို စီးပွားရေးမျက်လုံးပိတ်လိုက်တော့
ရခိုင်တွေကိုယ့်ပြည်ကိုစွန့်ပြီး တခြားဌာနေမဟုတ်သော တိုင်းတပါးမှာ
အလုပ်လုပ်နေရတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ပညာရေးကလည်း အဆင့်ဆင့်
နှိမ့်ကျလာတယ်။
ဒီလိုပဲ
မြန်မာ့နိုင်ငံရေးအဆင်ဆင့်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ
နိုင်ငံတကာဖိအားကြောင်း မလုပ်မဖြစ် ရွေးကောက်ပွဲလုပ်ရလာသည်။
ဗမာလူမျိုးတွေကို ကိုယ့်ထိုင်ခုံကိုယ်ပြန်ရရှိရေးရအတွက်
ဦးစားပေးတတ်သူအဖို့ပီပီ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ”ပါ
White Card ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ နိုင်ငံရေးပါတီ
တည်ထောင်နိုင်၊ မဲပေးနိုင်တယ် ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး ၁၀ နီပါး
အင်အားရှိတဲ့ ဘင်္ဂလီတွေကို စည်းရုံးလိုက်တယ်။ ဘင်္ဂလီ တွေကလည်း
ကိုယ့်အမျိုးဖြစ်ထွန်းအတွက် ပြည်ခိုင်ဖြိုးကို ထောက်ခံကြပါတယ်။
ဒီနေရာမှာ
နည်းနည်းလောက် သုံးသပ်မိတယ်။ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီဟာ
ကုလားတွေကို နိုင်ငံသား White Card ကို အကြောင်းပြုပြီး မေးဆွယ်လိုက်တော့
ရခိုင်းသားပါတီက ဘယ်နေရာမျိုးမှာ ဝင်ဆံ့တော့မလဲဆိုတာပါပဲ။ ကုလားနေရာမှာ
ဗမာတိုင်းရင်းသားတွေဖြစ်ခဲ့မယ် ဆိုရင်ရော ဘယ်နေရာကို ရွေးချယ်မလဲဆိုတာကို
သုံးသပ်စေချင်တယ်။
ဒါပေမယ့်
ပါးစပ်နိုင်ငံရေးသမားတွေရဲ့အကျင့်စရိုက်လို့ဆိုရမလားမသိဘူး
“စည်သူအောင်မြင့်ဆိုသူ ဧရာဝတီသတင်းဌာနမှာ” ရခိုင်လူမျိုးတွေကို
ရစရာမရှိအောင် အပုတ်ချပြီးရေးသွားတယ်။ ဗမာလူမျိုးတွေရဲ့အကျင့်စရိုက်က
ဌာနေတိုင်းရင်းသားတွေကို မကြည့်ဘဲ တခြားကုလားကို ဦးစားပေးစနစ်လုပ်သွားတာ
တော်တော်ရင်လေးစရာပါ။ ရခိုင်လူမျိုးတွေရဲ့နေရာမှာ
ဗမာလူမျိုးဖြစ်ခဲ့မယ်ဆိုရင် ဗမာတွေက ဘာတွေလုပ်မှာလဲဆိုတဲ့မေးခွန်းကို
ဧရာဝတီသတင်းဌာနမှာ ရခိုင်သူရဲကောင်း အလိုရှိသည်ဟု ရေးသားတဲ့ဆောင်းပါးရှင်
စည်သူအောင်မြင့်ဖြေဆိုရလိမ့်မည်။
ရခိုင်တိုင်းရင်းသားတွေဟာ
လူမျိုးစွဲ၊ ဘာသာစွဲ အမုန်းတရားစွဲရှိခဲ့မယ်ဆိုရင်
ကုလားတွေရခိုင်မှာမနေနိုင်တာကြာလောက်နေပြီး။
နိုင်ငံရေးအရအကျိုးအဖြတ်ရစေခြင်း၊ မတူကွဲပြားတဲ့အုပ်စုတွေကြား
အမုန်းတရားပွားစေခြင်းကိုများကို တိုးသထက်တိုးလာအောင် ဗမာတွေကပဲ
ကိုယ်ကျိုအတ္တကိုကြည့်ပြီး စစ်အစိုးရက White Card ၊ နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းဥပဒေကို စွဲကိုင်ပြီး ရခိုင်လူမျိုးတွေ နေရာမဝင်အောင်
အကျိုးယုတ်အောင်၊ မျက်နှာပန်းမလှအောင်
မျက်ကန်မျိုးချစ်ဗမာနိုင်ငံရေးသမားတွေကပဲ အနုနည်းနဲ့
ရန်တိုက်ပေးခဲ့တယ်ဆိုကို ရခိုင်ရက်ရက်စက်စက်ခံလိုက်ရတယ်ဆိုတာပဲ။
နိုင်ငံတနိုင်ငံရဲ့ဥပဒေကို
မလေးစားမလိုက်နာပဲ မထိမဲ့ပြင်နှင့် ရခိုင်သူရဲကောင်းများ
အလိုရှိသည်ဆိုပြီး ရခိုင်တွေကို အပုတ်ချရေးသွားတာ တော်တော်မိုက်ရိုင်းတဲ့
အရေးသားတခုပါ။ မြန်မာနိုင်ငံသားမဖြစ်ပဲ နိုင်ငံသားမှတ်ပုံတင်မရှိပဲ
တခြားနိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံမှာ မြေပိုင်ဆိုင်မှု၊
လယ်ပိုင်ဆိုင်မှုစတဲ့ ပိုင်ဆိုင်မှုတွေရှိလဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့်
ဗမာလူမျိုးတွေဟာ အရေးကြုံရင် ကြုံသလိုရခိုင်တွေနဲ့ကုလားတွေကို
မျက်လှည်ပြသွားမယ်တဲ့ဆိုတဲ့သဘောပါပဲ။
နောက်ပိုင်း
ရခိုင်တိုင်းရင်းသားတွေဟာ လူဆိုးကြီးဖြစ်သွားရတာပါပဲ။ ဒုက္ခသည်တွေကို
ကူညီနေတဲ့ “MSF” နိုင်ငံတကာ အကူအညီပေးရေး သွေးခွဲလာတယ်။
ဌာနေတိုင်းရင်းသားကို နေရာပေးမယ့်ကိုယ်စား ကုလားတွေကို နေရာပေးတယ်။ သူတို့က
မြန်မာတိုင်းရင်းသားမဟုတ်သလို မြန်မာနိုင်ငံသားလည်းမဟုတ်ဘူးဆိုတာပါပဲ။
ဒါတွေကိုမကြည့်ပဲ ဌာနေတိုင်းရင်းသား နောက်မှာထားပြီး ကုလားတွေကို
ဦးစားပေးစနစ်ကျင့်သုံးလာတယ်။ မခံမရပ်နိုင်တဲ့ ရခိုင်လူမျိုးတချို့က
အင်န်ဂျီအိုတွေ ထွက်သွား၊ အင်န်ဂျီအိုတွေကို လက်ခံထားတဲ့ နေရာတွေကိုပါ
သပိတ်မှောက်လာကြတယ်။ ဒါပေမယ့် ဗမာအစိုးရရဲ့
မလိမ့်တပါတ်အသုံးတော်ပြန်ခံလိုက်တာပါပဲ။ ဒီနေရာ ဗမာတိုင်းရင်းသားတွေသာ
ရခိုင်တွေလိုဖြစ်ခဲ့ရင် စည်သူအောင်မြင့်ဆိုသူဟာ ဧရာဝတီသတင်းဌာနမှာ
ဗမာသူရဲကောင်းအလိုရှိသည်လို့ရေးမှာလား။
ရခိုင်တိုင်းရင်းသားရေးရာ
ဝန်ကြီး ဒေါက်တာ ဇော်အေးမောင်က “ ရခိုင်တိုင်းရင်းသားများ အနေနဲ့ အရပ်ဘက်
အဖွဲ့အစည်းများအား ဆန့်ကျင်နေမည့်အစား ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်
အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း”
ဆိုပြီးပြောကြားလိုက်တယ်။ ဒီလိုစကားကို မပြောခင်ကတည်းက ရခိုင်တွေဟာ
တခြားအရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပူပေါင်းနေခိုင်တာကို စာရေးသူ
စည်သူအောင်မြင့်သိပုံမပေါ်ဘူးထင်တယ်။ ဒီလိုတခြားတိုင်းရင်းသားတွေနဲ့
မပူးပေါင်းဘူးပဲ စစ်ဆင်ရေးတွေ လုပ်နေမယ်ဆိုရင် ဆိုရင် ရခိုင်တွေဒီလို
ရခိုင်လူမျိုးဆိုတဲ့ ဂုဏ်တခုမရှိတာကြာလှပြီးထင်တယ်။
သူရဲကောင်းဆိုတာ
အမှန်တရားအတွက် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့၊
ဝေဖန်ခံရမှာ မကြောက် အသက်စွန့်ရမှာ မကြောက်၊ ရဲရဲတောက်
လုပ်ကိုင်ဆောင်ရွက်သူတွေကို ခေါ်တာပါလို့ စည်သူအောင်မြင့်က
ဧရာဝတီသတင်းဌာနကြီးတခုမှာ ရခိုင်သူရဲကောင်းများ အလိုရှိသည်လို့
ရေးသားခဲ့တာကို ကျွန်တော်အရမ်းလက်ခံတယ်။
အခုမြန်မာနိုင်ငံမှာ
ခေတ်စားနေတဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည့်နှင့် မြန်နိုင်ငံရဲ့
သမတစတဲ့ မြန်မာနိုင်ငံရေးအုပ်ချုပ်နေတဲ့ ဗမာလူမျိုးတွေကတော့ရော
တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့သူ၊ ဝေဖန်ခံရမှာ မကြောက်သူ၊
တိုင်းပြည်နှင့်လူမိုးအတွက် အသက်စွန့်ရဲသူ၊ အမှန်တရားတွက် ရဲရဲတောက်တောက်
လုပ်ရဲသူ၊ မြန်မာနိုင်ငံသားတွက် မသထာရေးစာ စားရရေးမှာ ပုံမှန်စားနိုင်အောင်
လုပ်သူ၊ ပြည်သူလူထုတိုးတက်ရေး၊ ပညာတတ်ရေး၊ တမျိုးသားလုံးစိတ်ဓါတ်နှင့်
အကျင့်စာရိတ္တမြင့်မာရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးစတဲ့၊
ဒိုးတာဝန်ရေသုံးတွေကို ဘေးဖယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်
ရန်တိုက်နေတဲ့ ဗမာခေါင်းဆောင်များကို နိုင်ငံရေးပါးစပ်ဟ
မျက်ကန်းသတင်းဌာနမှာ ရခိုင်သူရဲကောင်းများအလိုရှိသည်ဆောင်းပါးကို ရေးသားတဲ့
စည်သူအောင်မြင့်အနေနဲ့ သူတို့တွေကိုရော မြန်မာနိုင်ငံရဲ့
သူရဲကောင်းများလို့ ခေါ်ထိုက်ပါသလား။
ခေတ်အဆက်ဆက်အုပ်ချုပ်လာခဲ့တဲ့ဗမာလူမျိုးတွေက
ခင်ဗျာပြောခဲ့တဲ့ သူရဲကောင်းစိတ်ဓါတ် ရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ
လူမျိုးရေးအဓိကရုန်းဖြစ်စရာတွေ၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ဝ၊
မွန်စတဲ့ တိုင်းရင်းသားစစ်တပ်တွေရှိမယ်မထင်ဘူးနော်။ ဒါပေမယ့် ခင်ဗျာလို့
သူရဲကောင်း တစ်ယောက်ရဲ့ အရည်အသွေးကိုနှင့် သူရဲကောင်းတစ်ယောက်ရဲ့
အရည်အချင်းကို နားမလည်တတ်သေးတာကိုတော့ ကျွန်တော့်အရမ်းဝမ်းနည်းမိတယ်။
ခင်ဗျာရဲ့ မျက်ကန်းမျိုးချစ်စားရေးသူတွေ တို့မြန်မာနိုင်ငံမှာ
များလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဖာနိုင်ငံဖြစ်လာမယ်ဆိုတာ
ကျွန်တော်တော်ရဲရဲကြီး အာမခံရဲတယ်။
မြတ်ခိုင် (လခြမ်းမြီ)
0 comments