Related Posts Plugin for WordPress, Blogger...


ရခိုင်ပြည်နယ် စစ်တွေ မြို့တွင်ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟော
ပြောပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဟောပြော မည်မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းရရှိ သည်။‘‘ဒေါ်အောင်ဆန်းစုကြည် မသွားပါဘူး။ သူက လွှတ်တော် လည်းတက်နေရတယ်။ အလုပ် တွေလည်း အရမ်းရှုပ်နေတော့ မသွားဖြစ်ဘူး’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးဗဟိုကော်မတီတွင် ပါဝင်သူ ဦးထွန်းထွန်းဟိန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး ပြည်သူလူထုသဘောထားဆန္ဒ လက်မှတ်များ ကောက်ယူမည့် မေလ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ မတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လူထုဟောပြောပွဲများကို အပြီးလုပ်ရန် ရည်မှန်းထားခြင်းလည်းဖြစ်သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ စစ်တွေမြို့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအချိန်ထိ ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ၂၀၁၂ ခုနှစ်အတွင်းက လူမျိုးရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများဘက်မှ လိုက်ပါပြော ဆိုပေးမှုမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်တွင်ထောက်ခံမှု ကျဆင်းနေကြောင်းကိုလည်း နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း သုံးသပ်မှုများ ပေါ်ထွက်ခဲ့သည်။

ရခိုင်ပြည်နယ်သို့ ဒေါ်အောင် ဆန်းစုကြည်လာရောက်ပါက ခရီးစဉ်အပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပြုလုပ်ဘဲ ကြားနေရန် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ရဟန်းတော်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အစည်းအဝေးအပြီး ဇွန်လ ၄ ရက်၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များတွင်ထည့်သွင်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လူထုဟောပြောပွဲများကို ကျင်းပပြီး ပြည်သူလူထုထံမှ သဘောထားဆန္ဒလက်မှတ် ကောက်ယူနေသည်။

ပြီးခဲ့သည့် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟောပြောပွဲများသို့ ကိုယ်တိုင်တက်ရောက် ဟောပြောခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်များ တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့သည်ကို ကြည့်ရှုခြင်းအားဖြင့် လက်ရှိအချိန် ရခိုင်ပြည်နယ်သို့ မလာသင့်သေးကြောင်း ရခိုင် ပြည်နယ် စစ်တွေမြို့မိမြို့ဖတစ်ဦး ဖြစ်သူ ဦးသန်းထွန်းက ပြောသည်။
 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ