Related Posts Plugin for WordPress, Blogger...

From : ..the voice


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းမည် မဟုတ်ဘဲ လက်ရှိ ရာထူးနှင့် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်တန်းအရာရှိကြီးအချို့ ၂၀၁၄ ခုနှစ် သြဂုတ်လ နှောင်းပိုင်းတွင် တပ်မတော်မှ အနားယူကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုကိုးကျွန်း သို့မဟုတ် ကျွန်းစု မဲဆန္ဒနယ်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းကြောင့် ဇွန် ၆ ရက်နေ့တွင် The Voice က ဗိုလ်မှူးချုပ်ဝေလင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ “ဒီကိစ္စက မဖြစ်နိုင်ပါဘူး၊ သူ့ရဲ့ အလုပ်ပဲ သူလုပ်မှာပါ” ဟု ၎င်းက ထွက်ပေါ်နေသော သတင်းများကို ဖြေရှင်းပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်ဆန်းကို The Voice က ထပ်မံ မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

သို့သော် ကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဝတ် နိုင်ငံရေးလောကသို့ ဝင်ရောက်လာပါက ကြံ့ခိုင်ရေးပါတီ အနေဖြင့် ကြိုဆိုလျက် ရှိကြောင်း ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ “ဒီလို ရာထူးကြီးကြီးတွေ ဝင်လာမယ် ဆိုတဲ့ သတင်းတော့ မကြားမိဘူးဗျ။ လာမယ်ဆိုရင်လည်း Welcome ပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောပြသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ