Related Posts Plugin for WordPress, Blogger...



Wednesday, June 4, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဆိုရင် တိုင်းပြည်မှာရှိ တဲ့ ပြည်သူလူထုက အဓိက ဆုံးဖြတ်ရမှာဖြစ်ကြောင်းနဲ့ တစ်ဦး တစ်ယောက်ရဲ့ ခံစားမှုနဲ့ ပြောလို့မရနိုင်ကြောင်း နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက

ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း က အခုလိုပြောတာဖြစ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အစတုန်းကပေါ့ ဖြစ်ပေါ်လာမဲ့ နိုင်ငံရဲ့အခြေ အနေကို မျှော်မှန်းပြီးတော့ အဲ့တုန်းကပေါ့ အားလုံးတွက်ဆပြီးတော့မှ အကောင်းဆုံးဟာကို ရေးဆွဲပြီးတော့မှ လူထုရဲ့ထောက်ခံချက်နဲ့ လုပ်ခဲ့တာ အခုဆို ၃ နှစ်ရှိသွားပြီ အဲ့တုန်းကအမြင်နဲ့ ယှဉ်ကြည့်ရင် တချို့ကလေ လွဲနေမှာပေါ့၊ လွဲနေတဲ့ အခါကျတော့လည်း ပြင်ရမှာပေါ့ ပြင်သင့်လား၊ မပြင်သင့်ဘူးလားဆိုတာကတော့ ပြည်သူတွေက ဆုံးဖြတ်ပေါ့ ၊ ပြင်တာလွယ်ပါတယ် ဒါပေမဲ့ ပြင်ပြီးရင်အဲ့ကောင်ကို ပြန်ဖျက်ဖို့က မလွယ်ဘူး ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆင်ဖို့က အင်မတန် အရေးကြီးတယ်၊ ပြင်သင့်မပြင်သင့်ဆိုတာ တဒင်္ဂခံစာမှု နဲ့ ပြောလို့မရဘူး၊ တစ်ဦးတစ်ယောက်ခံစာမှုနဲ့လည်း ပြောလို့မရဘူး မြန်မာပြည်မှာရှိတဲ့ သန်းပေါင်း ၆၀ သောမဲပေးနိုင်ခွင့်ရှိသောသူတွေရဲ့ ဆန္ဒသည် မူတည်ပါတယ်"
နိုင်ငံတော်သမ္မတရဲ့အမိန့်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မလိုက်နာဘူးလို့ ပြောဆိုနေတာ တွေဟာ မဟုတ်ကြောင်းနဲ့ တိုင်းပြည်အတွက်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောခဲ့ပါတယ်။

RFA

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ