Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ မေ ၃၁ ရက်နေ့က တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာ ၆၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ လူကုန်ကူးအဖွဲ့ လှုပ်ရှားမှုရှိကြောင်း ကြိုတင်သတင်းရထားချက်အရ  အမှတ် ၂၅ အထူးစစ်ဆင်ရေး တပ်လက်အောက်ခံ တပ်မဟာ ၂၅၂ က တပ်ဖွဲ့ဝင်တွေဟာ ကရပူရီမြို့နယ်  ဟင်မိုင်ကျေးရွာအုပ်စုက ဆီအုန်းခြံ တခုထဲကို ၀င်ရောက်စစ်ဆေးရာမှာ ဟိုင်းလပ်ကား ၂ စီးနဲ့ တင်ဆောင်လာတဲ့ အဲဒီလူတွေကို ဖမ်းမိတာလို့ တပ်ခွဲမှူး ဗိုလ်မှူး ဆုရဆဒ်ဒီး ဖိန့်ယမ့်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့တွေဟာ အဲဒီခြံထဲမှာ တထောက်နားနေတာ ဖြစ်ပြီး ကားမောင်းသမား ထိုင်းလူမျိုး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ကျန်တဲ့လူ ၆၄ ဦးကိုတော့ ဆက်လက်အရေးယူဖို့ ရနောင်းခရိုင် လ၀ကရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ တပ်ခွဲမှူးက ပြောပါတယ်။ ဖမ်းမိသူ ၆၄ ဦးမှာ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါဝင်ကာ အသက် ၂၀ နဲ့ ၄၀ ကြားရှိတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့တွေဟာ မြန်မာဘက်ခြမ်းကနေ ၀င်လာပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ၊ ဆုန်ခရာနဲ့ ဖူးခတ်စတဲ့အရပ်ဒေသမှာ အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ ပွဲစားခ ၁ ဦးကို ဘတ် ၃ ထောင်ကနေ ၈ ထောင်အထိ ပေးရကြောင်း၊ ပွဲစားက အရင်ငွေစိုက် ထားကာ လုပ်ခထဲကနေ ဖြတ်သွားဖို့ သဘောတူထားတယ်လို့ တပ်ခွဲမှူးအပြောကို ကိုးကားပြီး ထိုင်းသတင်းက ဖော်ပြသွားပါတယ်။

By Webteam (DVB)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ