Related Posts Plugin for WordPress, Blogger...



အိမ်ဖြူတော် (CNN)


ဝါရှင်တန်- အမေရိကန်စစ်သားတစ်ဦးနှင့် တာလီဘန်တိုက်ခိုက်ရေးသမားငါးဦး လဲလှယ်ခဲ့ခြင်းကိစ္စအငြင်းပွားမှု ကြီးထွားလာစဉ်မှာပင် ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအား ကြိုတင်အသိမပေး ခဲ့ခြင်းအတွက် အမေရိကန်သမ္မတရုံးအိမ်ဖြူတော်က တောင်းပန်လိုက်သည်။ ယင်းလဲလှယ်ရေးအစီအစဉ်အရ အမေရိကန်စစ်သား ဘိုဝီဘာဒဲလ်ကို အာဖဂန်နစ္စတန်ရှိ အမေရိကန်အထူးတပ်ဖွဲ့များ ထံသို့ စနေနေ့က လွှတ်ပေးခဲ့သည်။ ယင်းကိစ္စအပေါ် ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီနှစ်ဖက်စလုံးမှ အမတ်များကဒေါသပုန်ထစေခဲ့သည်။ ယင်းအတွက် အထက်လွှတ်တော်အမတ်တစ်ရာ တက်ရောက်သောအစည်းအဝေးတွင် လျှို့ဝှက်ထားသောအကြောင်းအရာများကို အစိုးရအရာရှိများက ရှင်းလင်းပြောကြားမည်ဖြစ်သည်။

အကျဉ်းသားလဲလှယ်မည့်အစီအစဉ်ကို လွှတ်တော်အားအသိမပေးခဲ့ခြင်းအတွက် အိမ်ဖြူတော်က အမေရိကန်ဥပဒေကိုချိုးဖောက်ခဲ့သည်ဟု အိုဘားမား၏ဒီမိုကရက်တစ်ပါတီ စီနီယာအဖွဲ့ဝင်နှင့် အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌဒီယန်းဖိန်းစတိန်းကပြောကြားသည်။

‘‘ဆွေးနွေးတိုင်ပင်မှုမရှိဘဲ အကျဉ်းသားလွှဲပြောင်းမှုဆက်လုပ်သွားတယ်ဆိုတာ အံ့အားသင့်စရာ၊ စိတ်ပျက်စရာဖြစ်ပါတယ်။ ဥပဒေကိုလုံးဝမလိုက်နာတာပါပဲ’’ဟု မစ္စစ်ဒီယန်းကသတင်းထောက် များအားပြောကြားသည်။ ‘‘ကျွန်မတို့အားလုံး တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်’’ဟု ၎င်းကဆိုသည်။

အမေရိကန်စစ်သားအတွက် ဂွမ်တာနာမိုအကျဉ်းစခန်းမှ တာလီဘန်တိုက်ခိုက်ရေးသမားငါးဦး
နှင့်အရာရှိများ လွှတ်ပေးရခြင်းအပေါ် ကန်လွှတ်တော်အမတ်များက မေးခွန်းထုတ်နေကြသည်။

အိမ်ဖြူတော်အရာရှိကြီးတစ်ဦးက ထောက်လှမ်းရေးကော်မတီမှ ထိပ်တန်းရီပက်ဘလေကန်အမတ် ဆက်ဘီချမ်ဘလစ်ကို ဖုန်းခေါ်ဆို၍ကြိုတင်အသိမပေးခဲ့ခြင်းအတွက်တောင်းပန်သည်ဟုချမ်ဘလစ်ကပြောသည်။ မစ္စစ်ဒီယန်းက ၎င်းကိုလည်း အမျိုးသားလုံခြုံရေးအကြံပေးဒုတိယအကြီးအကဲ တိုနီဘလင်ကန်ကဖုန်းခေါ်ဆို၍တောင်းပန်ခဲ့သည်ဟုပြောသည်။

ဂွမ်တာနာမိုစစ်အကျဉ်းထောင်မှ အကျဉ်းသားများကို မလွှတ်မီ လွှတ်တော်အား ရက် ၃၀ ကြိုတင်အသိပေးရမည်ဟု ဒီဇင်ဘာလကရေးထိုးထားသောဥပဒေတွင်ဖော်ပြထားကြောင်းသိရသည်။

_Ref: AFP

Posted by Unknown on 6/04/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ