Related Posts Plugin for WordPress, Blogger...



ဒါရိုက်တာ မိုက်တီးရိုက်တဲ့ “မာကြီးရှည်” ရုပ်ရှင်ကားထဲမှာ အဆိုတော် ဘိုဖြူရဲ့ အဖြူရောင်သံစဉ်ကို ခွင့်ပြုချက်မတောင်းဘဲ သုံးထားပါတယ်။ အခုတော့ ဘိုဖြူက လပ်ကီးဆဲဗင်းကုမ္ပဏီကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေတစ်ဆင့် လျော်ကြေးတောင်းပါတော့မယ်။

“ကျွန်တော်တို့ ဂီတသမားတွေ အခုလိုခံနေရတာ တော်တော်များနေပြီ။ ရုပ်ရှင်လည်းသိပ်မကြည့်တော့ ကိုယ့်သီချင်းတွေကို ဘယ်လိုသုံးတယ်ဆိုတာလည်း မသိရဘူး။ ဒီသီချင်းကို အောင်ပန်းက ကျွန်တော့သူငယ်ချင်း သက်နိုင်ဦးက ရေးတာပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ဝဝ၆ခုနှစ်ကတည်းက တောင်ကြီးမှာ ဆိုခဲ့တယ်။ အောင်မြင်မှုလည်း ရခဲ့တယ်”လို့ အဆိုတော် ဘိုဖြူက ဇွန်လ ဆိုပါတယ်။

ဘိုဖြူရဲ့သီချင်းကို ခွင့်ပြုချက်မတောင်းဘဲ သုံးစွဲခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ကိုဇော်ထူးအောင် (CMP)က အဆိုတော်နဲ့ ရုပ်ရှင်ကုမ္ပဏီ တွေ့ဆုံညှိနှိုင်းခဲ့ပြီးပေမယ့် ဂီတအနုပညာရှင်တွေဘက်က တောင်းဆိုတဲ့ နစ်နာကြေးကို မပေးနိုင်ခဲ့ဘူးလို့ ရှင်းပြပါတယ်။

“ဒီသီချင်းက ဆင်ဆာထဲမှာ မပါဘူးလို့ ပြောတယ်။ အဲဒီအတွက် ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုလည်း သဘောထားမှတ်ချက် တောင်းထားတယ်။ ကျွန်တော်တို့ အဲဒီလောက်အထဲပဲ ပြောလို့ရဦးမယ်”လို့ ကိုဇော်ထူးအောင် (CMP) က ဆိုပါတယ်။

ဆင်ဆာအဖွဲ့ရဲ့ သဘောထားမှတ်ချက်ရပြီးတဲ့အခါမှာတော့ ဂီတအစည်းအရုံးအနေနဲ့ အနုပညာရှင်တွေဘက်က လုပ်ဆောင်လိုတဲ့အရာတွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကိုဇော်ထူးအောင်က ဆက်ပြီးပြောပါတယ်။ ။


(လပြည့်၊ Free Wings)

Posted by Unknown on 6/04/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ