Related Posts Plugin for WordPress, Blogger...


မြန်မာနိုင်ငံရှိ ဒေသများအနက် ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု အများဆုံးဖြစ်ပွား
နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီမှဧပြီထိ မုဒိမ်းမှုစုစုပေါင်း ၂၉ဝ မှုရှိခဲ့ပြီး ရန်ကုန်တိုင်းတစ်ခုတည်းတွင် ၅၇ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှစာရင်းများအရ သိရသည်။


ထို့ပြင် သက်ငယ်မုဒိမ်းမှုများသည်လည်း ရန်ကုန်တိုင်းအတွင်း ယခုနှစ် ပထမလေးလတွင် ၂၆ မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကျား၊ မတန်းတူ အရေးကိစ္စများဆောင်ရွက်နေသည့် Gender Equality ကွန်ရက်မှ ညှိနှိုင်းရေး မှူး ဒေါ်မေစံပယ်ဖြူကမူ ရန်ကုန်ကဲ့သို့ မြို့ပြလူ့အဖွဲ့အစည်းအတွင်း မုဒိမ်းမှု

ပိုမိုဖြစ်ပွားလာခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းကို မြင်သာထင်သာ ရှိစေသည့်အချက်ဖြစ်သည်ဟု ဝေဖန်သည်။ အခြားပြည်နယ်နှင့်တိုင်းများတွင် မုဒိမ်းမှုနည်းပါးနေရခြင်းမှာ တိုင်ကြားမှုမရှိခြင်းကြောင့်သာ အရေအ တွက်နည်းနေရခြင်းဖြစ်နိုင်ကြောင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သုံးသပ်သည်။ ထို့ကြောင့် မုဒိမ်းမှုလျှော့ချနိုင်ရေးအတွက် ရဲစခန်းနှင့်ဌာနဆိုင်ရာများတွင် အမျိုးသမီးများသီးသန့်ဆွေးနွေးနိုင်မည့် လူပုဂ္ဂိုလ်များထားရှိပေးခြင်း၊ ဥပဒေကြောင်းအရ တိုင်တန်းလိုပါက အခမဲ့လိုက်ပါဆောင်ရွက်မှုများ
ပြုလုပ်ပေးသင့်ကြောင်းထောက်ပြပြောဆိုသည်။

''အရေးမကြီးတဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ ကြိုးစားနေမယ့်အစား ဒီလိုကိစ္စမျိုးတွေကို တိကျတဲ့တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဖြေရှင်းဖို့လုပ်သင့်တယ်'' ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မုဒိမ်းမှု ကျဆင်းရေးအတွက် ပညာပေးဟောပြောခြင်း၊ ညစ်ညမ်းဗီဒီယိုခွေများဖမ်းဆီးအရေးယူခြင်း၊ နယ်မြေလူထုနှင့် ပူးပေါင်းစောင့်ရှောက်သည့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်းပေါ်ပြူလာနယူးစ်
၏ မေးမြန်းမှုကိုဖြေကြားသည်။

   ထို့ပြင်  တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ အား ၎င်း၏အမြင်အားပြောကြားပေးနိုင်ရန်ဆက်
သွယ်သော်လည်း လတ်တလော လက်မှတ်ထိုးပွဲများဖြင့် မအားလပ်၍ ဖြေကြားမှု မပြုနိုင်သေးကြောင်း
၎င်း၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    ထို့ပြင် အမျိုးသမီးများအား နှောင့်ယှက်ပါက ခြေချုပ်နှင့် ခံဝန်ဥပဒေအ ရအရေးယူပေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဒုရဲမှူးကြီး ဝင်းစိန်က ဖြေကြားသည်။ ၂ဝ၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း သက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှု စုစုပေါင်း ၂၂၂ မှု ဖြစ်ခဲ့ပြီး ဒုတိယအများဆုံးမှာ ၂ဝ၄ မှု ဖြစ်ပွားခဲ့သည့် ဧရာဝတီ တိုင်းဖြစ်ကြောင်း တွေ့ရသည်။

         
သုတလင်း

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ