Related Posts Plugin for WordPress, Blogger...


Wednesday, June 4, 2014

တပ်ကုန်းမြို့နယ် NLD ပါတီက ဦးစန်းလွင်အား ဥပဒေကြောင်းအရ အရေးယူလာစေရန် တပ်ကုန်းမြို့နယ် ရဲစခန်းအား ဖိအားပေးနေသည့်အချိန်တွင် ဦးစန်းလွင်အား အပြည့်အ၀ ကူညီမည် ဟု မြန်မာအမျိုးသားကွန်ရက်က ထုတ်ဖော် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့သော ပြည်သူတစ်ဦး အဖိုးကြီးအား NLD မှ တရားစွဲဆိုမည်ဆိုလျှင် အဖိုးကြီး ဦးစု နှင့် ဆက်သွယ်၍ တရားစရိတ် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်သူ ဦးနေမျိုးဝေက ဆိုသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ရန် ဦးစန်းလွင်မှ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မက အစိုးရလား ၊ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အစိုးရက လုပ်ရမှာလေ လို့ ပြောဆိုရာ ဦါ်စန်းလွင်မှ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အားလုံးနဲ့ဆိုင်တယ် ၊ မတည်ငြိမ်ရင် ထိုင်းမှာ ဖြစ်နေတာကို ကြည့် တပ်က အာဏာသိမ်းသွားလိမ့်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၈၈ တုန်းကလည်း ပြည်သူတွေ ခံခဲ့ရပြီးပြီး တိုင်းပြည်မှာ ဆူဆူပူပူမဖြစ်အောင် အဓိက ရည်ရွယ်၍ ပြောဆိုခဲ့သော ဦးစန်းလွင်ကို NLD ပါတီမှ တရားစွဲမည်ဆိုက တရားရေးစရိတ်များအတွက် ကူညီထောက်ပံ့ရန် ဆက်သွယ်ပြောဆိုလာသူများ ရှိသည့် အကြောင်း၊ သူတို့နှစ်ယောက် အခြေအတင် ပြောပြီးတဲ့ ညကတည်းက ဦးစန်းလွင်ကို လှူချင်လို့ ထောက်ပံ့ဖို့ အစီအစဉ်ရှိလားလို့ လှမ်းမေးသူ ရှိကြောင်း၊ မဆိုင်ဘူးလေ မလုပ်ရဘူးလို့ ပြန်ပြောခဲ့ကြောင်း၊ အခုလို NLD က တရားစွဲမယ်ဆိုရင်တော့ ဆိုင်ပြီဖြစ်ကြောင်း ဦးနေမျိုးဝေက ဆိုသည်။

ပြည်သူတစ်ယောက်နဲ့ ရန်ဖက်ဖြစ်ပြီး ပြည်သူကို တရားစွဲအုံးမယ်ဆိုတာ ယုတ်တိမရှိတဲ့ ခေါင်းဆောင်ကောင်း မဆန်တဲ့လုပ်ရပ်ကို ပေါ်လွင်သွားတာပေါ့ဗျာ။ သူတို့ကမှ တရားစွဲအုံးမယ်ဆိုရင် ကျွန်မတို့ကလည်း အဖိုးကြီးဒုက္ခမရောက်အောင်တော့ ကူညီရမှာပဲဟု ထောက်ပံ့ကူညီလိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

NLD က ဦးစန်းလွင်ကို တရားစွဲဆိုမည် ဆိုလျှင် ကိုယ့်သေတွင်းကိုယ် တူးခြင်း ဖြစ်ကြောင်း၊ ဦးသိန်းစိန်ကို မိုးသီးဇွန်က ဖိနပ်နဲ့ ပေါက်တော့ သမ္မတကြီးက ခွင့်လွှတ်ခဲ့ကြောင်း NLD က တရားစွဲလျှင် အခြေအနေဆိုးသွားနိုင်ကြောင်း ဦးနေမျိုးဝေက ပြောသည်။

“ဗိုလ်ကျားသေနတ်သီအိုရီဆိုတာ ကလေးတွေ ငယ်ငယ်က ကစားတဲ့ ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာကိုယ်လုပ် ဆိုတဲ့ကစားနည်း ပေါ့ ။ NLD အတွက် ဆွန်ဇူးရဲ့ စစ်ပညာကျမ်းတွေ ဆို စာလေးနေမှာဆိုးလို့ ဗိုလ်ကျားသေနတ်ပဲ ကစားခိုင်းလိုက်မယ် ။ကလေးတွေ ကစားရင် - ဗိုလ်က သေနတ်ကို နိုင်တယ် သေနတ်က ကျားကို နိုင်တယ် - ကျားကျတော့ ဗိုလ်ကိုနိုင်ပြန်ရော - အဲဒါ လေးနက်တဲ့ သီအိုကိုထုတ်နုတ်ထားတာဗျ ။
ဗိုလ်ဆိုတာ စည်းမျဉ်းစည်းကမ်း အပြည့်အ၀ - စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စဉ်းစားမှု အပြည့်အ၀ - တိုက်ရည်ခိုက်ရည် - အတန်အသင် ရုပ်ခွန်အားအတန်အသင့်ပေါ့ ။
သေနတ်ဆိုတာကတော့ - စည်းမျဉ်းစည်းကမ်း နဲ့ ဆင်ခြင်ဥာဏ်အောက်က လာတဲ့ သေစေတဲ့ လက် နက် ။ ကျားဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံးဂုဏ်သတ္တိလို့ ယူပေါ့ဗျာ ။ ကျန်တဲ့ နှောင်ကြိုးမဲ့ ။ရန်သူနဲ့တွေ့တဲ့အခါ ကိုယ်အခြေအနေနဲ့ သူ့အခြေအနေကို ချိန်ဆဖို့လိုပါတယ် - ကိုယ်က ဗိုလ်ဆိုရင် ကျားနဲ့ ရင်ဆိုင်လို့မသင့်တော်ဘူး ဘလော့လိုက် ။ ဒါမှမဟုတ် သေနတ်ကို လွှတ်လိုက်။ ဒီကလေးဘ၀ကတည်းက သိလာတဲ့ သီအိုရီလောက်တောင် မစဉ်းစားတတ်ရင်တော့ NLD က ကိုနီကိုပဲ သမ္မတခန့်လိုက်ရန်သာ ရှိတော့တယ်” ဟု ယင်းက ဆိုသည်။

တပ်ကုန်းမှ ကြားသိရသော သတင်းများအရ တပ်ကုန်းမှ NLD ပါတီ လူငယ်များက ဦးစန်းလွင်ကို စောင့်ကြည့်နေသောကြောင့် ဦးစန်းလွင်အနေဖြင့် သတိထားနေရကြောင်း၊ တပ်ကုန်းမြို့နယ် NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့သို မကြာခဏ ဆက်သွယ်ကာ ဦးစန်းလွင် အပါအ၀င် ခွင့်ပြုချက် မယူသော ဆန္ဒပြသူများအား ပြင်းပြင်းထန်ထန် အရေးယူပေးရန် ဖိအားပေးလျက် ရှိကြောင်း၊ သို့သော် တရားစွဲမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့နယ် NLD မှ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုများ မရှိသေးကြောင်း သိရှိရသည်။

PP™
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ