
ဇွန်လ ၁၁ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ
ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ တိမ်ထူထပ်နေပြီး
ပင်လယ်အော်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ
တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန် ဒေသ တွေ မှာ
တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
ဇွန်လ ၁၂ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်အနေနဲ့တော့
ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေမှ
၎ ပေ လောက်ရှိ နိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်
ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၅ ပေ
ကနေ ၉ ပေလောက် အထိမြင့်တက်နိုင်ပါတယ်။
weather12062014အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ တနိုင်ငံလုံးနီးပါးမှာ
ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်းတွေဟာ သိသိသာသာ ကျဆင်းလာနိုင်ပါတယ်။
လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကို
လျော့နည်းနိုင်တဲ့ မြို့တွေ ကတော့ မြစ်ကြီးနား၊ လားရှိုး၊ ပဲခူး၊ ပုသိမ်၊
ရန်ကုန်၊ မော်လမြိုင်၊ ကော့သောင်းနဲ့ ထားဝယ်မြို့တို့ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ ထားဝယ်မြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၃ ဒသမ ၀ သာ ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံး ကျရောက်နိုင်တာကတော့ ဟဲဟိုးနဲ့
တောင်ကြီးမြို့ဖြစ်ပြီး အညွှန်းကိန်း တန်ဖိုးကတော့ ၁၃ ထိ ကျရောက်နိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၂ လောက် မြင့်တက်နိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊
ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅
ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊
ချင်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာ မိုးရွာဖို့
သေချာမှု ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ရှိ နိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါ တယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊
မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီ မီတာ ကနေ
၅၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ
အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄
ဒီဂရီစင်တီဂရိတ်လောက်ရှိ နိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊
အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီ ဂရိတ် လောက်ရှိနိုင်ပါတယ်။
မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက်
ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်နဲ့
အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီ ဂရိတ် လောက်ရှိနိုင်ပါတယ်။
မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၇၀ ရာခိုင်နှုန်းလောက်
ရှိနိုင်ပါ တယ်။
ဒေါက်တာထွန်းလွင်
0 comments