Related Posts Plugin for WordPress, Blogger...

စပရတ်လီကျွန်းစုရှိ ဗီယက်နမ် ထိန်းချုပ်ထားသည့် ကျွန်းငယ်လေးတစ်ကျွန်း
တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် အငြင်းပွားမှုများဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေး တင်းမာမှုများနှင့် ရင်ဆိုင်နေရပြီးနောက် တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် လက်နက်သစ်များအဖြစ် သဲ၊ ဘိလပ်မြေ၊ သစ်သားနှင့် သံမဏိတို့ကို အသုံးပြုနေကြောင်း သတင်းရရှိသည်။
ယခုအခါ  တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသရှိ ဒူဘိုင်းတွင် ဆောက်လုပ်ထားသည့် ကျွန်းတုများ ပုံစံမှီငြမ်းပြီး တောင်တရုတ် ပင်လယ်တွင်လည်း ကျွန်းတုများ ဆောက်လုပ်ရန် စတင်လုပ်ဆောင်နေပြီဟု Bloomberg Businessweek သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်သင်္ဘောများသည် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူကာ ပိုင်နက် အငြင်းပွားမှု ဖြစ်ပေါ်နေသည့် စပရတ်လီ ကျွန်းများအနီးတွင် နေရာချလျှက် ရှိသည်။ ရည်ရွယ်ချက်မှာ ကျွန်းတုများ ဆောက်လုပ်သွားရန်ဖြစ်ပြီး ထိုမှတစ်ဆင့် တောင်တရုတ် ပင်လယ်ပြင်၏ သဘာဝအတိုင်း ရှိနေသော အခြေအနေများကို ပြင်ဆင်ကာ နယ်နိမိတ်သစ် သတ်မှတ်တောင်းဆိုရန်ဖြစ်မည်ဟု ဆိုသည်။
“သူတို့တွေက အရင်တုန်းက ကမ္ဘာ့မြေပုံမှာ လုံးဝ မရှိခဲ့တဲ့ ကျွန်းတွေကို အတုပြုလုပ် ဖန်တီးနေတာပါ။ ဒူဘိုင်းမှာ ဆောက်ထားတဲ့ ပုံစံမျိုးပါပဲ”ဟု လူဦးရေ ကျဲပါးစွာ နေထိုင်ပြီး တရုတ်နှင့် ဖိလစ်ပိုင်တို့ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းငယ်တစ်ခုမှ အုပ်ချုပ်ရေး အရာရှိ ယူဂျီနီယိုဘီတိုအိုနွန်က ပြောကြားခဲ့သည်။ ဘီတိုအိုနွန် တာဝန်ယူထားသည့် ဒေသကို ဖိလစ်ပိုင်တို့က ကာလေယန်းဟုခေါ်ပြီး အဓိပ္ပာယ်မှာ “လွတ်လပ်ခြင်း”ဟူ၍ ဖြစ်သည်။
၎င်းက “ဆောက်လုပ်ရေး လုပ်ငန်းတွေက အကြီးကြီးတွေ။ ပြီးတော့ မရပ်မနား ဆက်တိုက်လုပ်နေကြတာ။ ဒီလုပ်ငန်းစဉ်တွေကနေ တရုတ်နိုင်ငံ အနေနဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံ ထိန်းချုပ်သွားနိုင်လောက်တယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
လေ့လာသူများကလည်း ကျွန်းတုများသည် တရုတ်နိုင်ငံအတွက် အခြေချ နယ်မြေသစ်များ ဖြစ်လာပြီး ရေပိုင်နက် ထိန်းချုပ်မှုများအတွက် တောင်းဆိုရာတွင် အထောက်အကူ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုထားကြသည်။ အဆိုပါ စီမံကိန်းအရ ကမ္ဘာ့အရေးအပါဆုံး ရေလမ်းကြောင်း အချို့ကိုပင် တရုတ်က တောင်းဆိုလာနိုင်ဖွယ် ရှိနေသည်။
စပရတ်လီ ကျွန်းစုများတွင် ကျွန်းငယ်နှင့် သန္တာကျောက်တန်း စုစုပေါင်း (၁၀၀)ကျော် ပါဝင်ဖွဲ့စည်းနေပြီး တောင်တရုတ်ပင်လယ်၏ တောင်ပိုင်းဒေသတွင် တည်ရှိသည်။
ယင်းကျွန်းစုများ ပိုင်ဆိုင်ခွင့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံအများအပြားက အပြိုင်အဆိုင် တောင်းဆိုခဲ့ကြပြီး ကျွန်းစု၏ အစိတ်အပိုင်းအလိုက် ထိုင်ဝမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်တို့က နယ်မြေအလိုက် ခွဲခြားထိန်းချုပ်ထားသည်။
စပရတ်လီ ကျွန်းစုများကို တရုတ်နိုင်ငံက မိမိတို့ပိုင်အဖြစ် သတ်မှတ်ထားပြီး နန်ရှာဟု အမည်ပေးထားသည်။ ဖိလစ်ပိုင်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် ကျွန်းစုများ အရေးနှင့် ပတ်သက်ပြီး ဇွန်လဆန်းတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟွန်လိုင်က “ဒီကျွန်းစုတွေနဲ့ ပတ်သက်ပြီး တရုတ်က လုပ်ဆောင်နေသမျှ အားလုံးဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဘောင်ထဲကချည်းပဲ။ ဖိလစ်ပိုင် အနေနဲ့ ဒီကိစ္စမှာ ဘာမှ ဝင်ပါခွင့် မရှိဘူး”ဟု ၎င်းတို့၏ သဘောထားကို ယတိပြတ် ပြောဆိုထားသည်။
_Ref: Bloomberg Businessweek
7daydaily.co

Posted by Unknown on 6/12/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ