Related Posts Plugin for WordPress, Blogger...

ယနေ့ ခေတ်စားလျက်ရှိသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ ပြင်ရေးမပြင်ရေးဆိုပြီး ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်ကို အားလုံးအသိပင်ဖြစ်သည်။

          ၎င်းကိစ္စနှင့်ပတ်သက်၍  ပြင်မည့်ဘက်မှ လော်ဘီလုပ်သူများလည်း Online တွင် များစွာတွေ့ရှိနေရသည်။ ပြင်ဆင်လိုသည့်အတွက် လော်ဘီလုပ်သည်ကို အထူးပြောစရာ မရှိသော်လည်း မိမိတို့အကြံအစည် အောင်မြင် ရေးအတွက် မသက်ဆိုင်သူများကို စွပ်စွဲ ပုတ်ခတ် ရေးသားလာကြသည်ကိုတော့ လက်ခံနိုင်စရာမရှိပါ။

      ဆိုလိုသည်မှာ တောင်သာနယ်တွင် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ် တစ်ခုမှမရစေရဆိုပြီး ဦးအောင်သောင်းက တားဆီးထားသည်ဟု သရုပ်ဖော်ပုံဖြင့် ဖော်ပြ ထားသည်ကိုတွေ့ရှိရသည်။ ဤစကား မည်သူ့ကိုပြောသလဲ? မည်သည့်နေရာတွင်ပြောသလဲ? မီဒီယာနှင့်အင်တာဗျူး တွင်ပြောတာလား စသည်ဖြင့် ကွဲကွဲပြားပြားဖော်ပြမထားပါ။ လူတစ်ဦးတစ်ယောက်ကို မိမိ Popular ဖြစ်ရေးအတွက် အထောက်အထားမဲ့၊ ခန့်မှန်းစွပ်စွဲ ပြောဆိုရေးသားခြင်းသည် လွန်စွာအောက်တန်းကျသောလုပ်ရပ်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် ဂုဏ်သိက္ခာထိခိုက် သည်အထိ ထင်ကြေးဖြင့်မှန်းဆပြောဆိုခြင်းသည် မီဒီယာကျင့်ဝတ်နှင့်မညီသည့်အပြင် မီဒီယာ အပေါ် ပြည်သူ၏ယုံကြည်အားကိုးမှုလည်း ကျဆင်းသွားပါမည်။

      ဦးအောင်သောင်းအနေဖြင့် တောင်သာနယ်သို့မရောက်ဖြစ်ခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ် သည်။ ၄၃၆ နှင့် ပတ်သက်ပြီး မည်သည့်ဝေဖန်ချက်မျှမပေးခဲ့ဘူးသလို မည်သူ့ကိုမျှ တားဆီး ပိတ်ပင်ခဲ့ခြင်းလည်းမရှိပါ။ လွှတ်တော်ရေးရာကိစ္စများ၊ ပါတီ အရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အခြားကိစ္စများ အတွက် အချိန်ပေး ရန်မရှိပါ။

         အထက်တွင်ဖော်ပြခဲ့ပြီးသလို လူတစ်ဦး၏ဂုဏ်သိက္ခာထိခိုက်စေရန်၊ လူထုယုံကြည်မှုကျ ဆင်းစေရန်၊ အချင်းချင်း သံသယဖြစ်ပွားစေရန် တမင်ရည်ရွယ်၍ အထောက်အထားမဲ့ဝေဖန် တိုက်ခိုက်ခြင်းသည် လူသားမဆန်သောလုပ်ရပ်သာဖြစ်၍ နောက်နောင် ဤကဲ့သို့မပြုလုပ်ရန် သတိပေးတားမြစ်သည်။ ဖြစ်ရပ်မှန် သိလိုပါက ကာယကံရှင်နှင့် အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြပါသည်။

http://mmopenletters.blogspot.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ