Related Posts Plugin for WordPress, Blogger...


နတ်မတောင်ရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ − flickr)
နတ်မတောင်အမျိုးသား ဥယျာဉ်သည် ကမ္ဘာ့သဘာဝအမွေ အနှစ်စာရင်းဝင် စည်းကမ်းချက် များနှင့် ကိုက်ညီမှုမရှိသောကြောင့် ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်း ၀င်အဖြစ် သတ်မှတ်ရန် ခက်ခဲ ကြောင်း ယူနက်စကိုက အ ကြောင်းပြန်ခဲ့သည်ဟု ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။
မြန်မာနိုင်ငံမှ ဘေးမဲ့တော နှင့် ဥယျာဉ်ခုနစ်ခုကို ကမ္ဘာ့ရှေး ဟောင်း သဘာဝအမွေအနှစ်အ ဖြစ်သတ်မှတ်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ယူနက်စကို အဖွဲ့သို့ မြန်မာအစိုးရကတင်သွင်းခဲ့သည်။ ယင်းခုနစ်ခုအနက် နတ်မတောင် အမျိုးသားဥယျာဉ် နှင့် အင်းတော်ကြီးကန် တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ကို ဦးစားပေးအစီအစဉ်ဖြင့် ယူနက်စ ကိုသို့ မြန်မာအစိုးရအဖွဲ့က တင် သွင်းခဲ့ရာ ယခုလဆန်းတွင် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။
‘‘မြန်မာနိုင်ငံအတွက် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ယူနက်စကိုကို တင်ခဲ့တယ်။ အဲဒီထဲက နှစ်ခုကို ဦးစားပေးတင်ခဲ့တော့ ယူနက်စကိုက ကျွမ်းကျင် အဖွဲ့က မေလလောက်က ကွင်း ဆင်းလေ့လာခဲ့တယ်။ နတ်မ တောင်ကို သတ်မှတ်ဖို့ ခက်ခဲ တယ်လို့ အကြောင်းပြန်ပါတယ်’’ ဟု သစ်တောဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ယူနက်စကိုမှ ကျွမ်းကျင်သူ များလာရောက်စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသောကြောင့် ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းတွင် အစီရင်ခံ စာတင်ပြရန် မဖြစ်နိုင်ဟုအ ကြောင်းပြန်ခဲ့ကြောင်း၊ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုမရှိသော ကြောင့် အစီရင်ခံစာတင်ပြရန် ခက်ခဲသော်လည်း အဆိုပါ အမျိုး သားဥယျာဉ်ယူနက်စကို စာရင်းဝင်ရန် ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ဆုံးဖြတ်ရမည်ဟု အစိုးရထံ အကြောင်းပြန်ခဲ့သည်။
နတ်မတောင် အမျိုးသား ဥယျာဉ်အတွင်း ပေ ၃၀ အကျယ် ရှိ လမ်းမကြီးများဖောက်လုပ် နေမှု၊ ဘေးမဲ့တောဧရိယာအတွင်း ကျေးရွာများ ၀င်ရောက်နေမှု၊ တောင် ယာများခုတ်ထွင်စိုက်ပျိုးနေမှုများ ကြောင့် သဘာဝအခြေအနေများ ပျက်ယွင်းနေသဖြင့် သဘာဝအ မွေအနှစ်အတိုင်း သတ်မှတ်ရန် ခက်ခဲကြောင်း အကြောင်းပြန်စာ ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန သို့ ပေးပို့ခဲ့သည်ဟု သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် ဘေးမဲ့ တောဥယျာဉ်အများစုသည် ဒေသခံများနေထိုင်မှု၊ ၀မ်းရေးအတွက် မှီခိုနေရခြင်းနှင့် တရားမ၀င်သစ် ထုတ်လုပ်ခြင်းတို့ ရှိသည်ဟု ပတ် ၀န်းကျင်ထိန်းသိမ်းရေးလှုပ်ရှား သူများကပြောသည်။
ယူနက်စကိုသို့ တင်သွင်း ထားသော အမျိုးသားဥယျာဉ်နှင့် ဘေးမဲ့တောများ ခုနစ်နေရာရှိပြီး ခါကာဘိုရာဇီ၊ ဟူးကောင်(တ နိုင်း) ချောင်းဖျားချိုင့်ဝှမ်းလွင်ပြင်၊နတ်မတောင်၊ အင်းတော်ကြီး ကန်၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေဧရာဝတီမြစ်၊ တနင်္သာရီလန်ပိအဏ္ဏ၀ါကျွန်းနှင့် တနင်္သာရီအမျိုးသားဥယျာဉ်ဆက်စပ်တောတို့ဖြစ်သည်။


7 day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ