Related Posts Plugin for WordPress, Blogger...

From : ..popular


ကင်းထောက်အဖွဲ့များ ဖွဲ့ရန် အခြေခံပညာအဆင့်တွင် သာမက တက္ကသိုလ်အဆင့်တွင်ပါဖွဲ့ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့က စတင်စီစဉ်နေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့များကို အခြေခံပညာ ဆဋ္ဌမတန်း (G.7) ကျောင်းသား၊ ကျောင်းသူများနှင့် ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်ကျော် အကြာတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အဆင့်ကိုပါ ကင်းထောက်တွင် ထည့်သွင်းရန် စီစဉ်ခြင်းလည်း ဖြစ်သည်ဟု ကင်းထောက် ကော်မရှင်နာ တစ်ဦးဖြစ်သူ ဦးဟိန်းလတ်က ပြောသည်။ ထိုသို့စီစဉ်ခြင်းက မြန်မာကင်းထောက် သမိုင်းတစ်လျှောက် ပထမဦးဆုံး လုပ်ရပ်တစ်ခုဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းက ကင်းထောက်အစဉ်အလာကို ချိုးဖောက်ခြင်း မဟုတ်ဟု ၎င်းက ဆက်ပြောသည်။ “ဖွဲ့လို့ရပါတယ်။ ကင်းထောက်ကြီးတွေလို့ ဆိုပြီးတော့ပါ” ဟု ဦးဟိန်းလတ်က ပြောသည်။ ဦးဟိန်းလက်က “ကင်းထောက်လေးတွေက ဘာမှသိပ်မလုပ်တတ်သေးဘူး။ ဒါကို အရွယ်ကြီးသူတွေက လမ်းညွှန်ပေးနိုင်အောင်လို့ တက္ကသိုလ်အဆင့်မှာဖွဲ့တာ” ဟု ပြောသည်။ တက္ကသိုလ်အဆင့်၌ ကင်းထောက်ဖွဲ့မည့် အစီအစဉ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဟု သိရသည်။ လက်ရှိတွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ဖြင့် ဖွဲ့နိုင်ရန် နိုင်ငံတော်သမ္မတရုံးနှင့် ညှိနှိုင်းနေသည်ဟု ကင်းထောက်အဖွဲ့က အတည်ပြုပြောသည်။ ၂၀၁၄ ခုနှစ် မတ်လတွင် ကင်းထောက်ချုပ်အဖြစ် သမ္မတဦးသိန်းစိန်က စတင်တာဝန်ယူခဲ့သည်။ ထိုသို့ တာဝန်ယူမှုအပေါ် ဝေဖန်မှုအချို့ လုပ်ခဲ့သဖြင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ကင်းထောက်အဖွဲ့ကို အစိုးရမှ နိုင်ငံရေးအရ အသုံးမချပါဟု ငြင်းချက်ထုတ်ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းဥက္ကဋ္ဌ တက္ကသိုလ်ဆရာ ဦးဇော်မျိုးလှိုင်ကမူ ထိုလုပ်ရပ်ကို မကြိုက်ဟု ထုတ်ဖော်ပြောသည်။ “အစိုးရက ကျောင်းသား သမဂ္ဂ မပေါ်ဖို့ကို သက်သက်လုပ်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 .. www.MyanmarExpress.net

Posted by Arakan News on 6/20/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ