Related Posts Plugin for WordPress, Blogger...

နိုင်ငံအတွင်းလျှပ်စစ်မီးကောင်းစွာမရသည့်ကိစ္စနှင့်ပတ်သက်၍ -


- အစိုးရတွင်လုံးဝတာဝန်ရှိသည် ။ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် အလွန်နည်းနေသည်

- မီးမလာ၍ မီးစက်များသုံးရ သဖြင့်စက်သုံးဆီကုန်သည်၊ နားညီးသည်၊ လေထု ညစ်ညမ်းသည်

- မီးခွက် ဖယောင်းတိုင်များသုံးရသဖြင့် မီးဘေးအန္တရယ် စိုးရိမ်ရသည်

- ခလေးတွေ စာကောင်းကောင်းမကျက်ရ ၍ ပညာရေး အတွက်ရင်လေးရသည်

- ကုန်ထုတ်လုပ်မှုတွင် မီးစက်များသုံးရ သဖြင်ထုတ်လုပ်မှုစရိတ် ကြီး၍ ကုန်ဈေးနှုံးတက်မည်

- မှောင်နေသဖြင့် ဒုစရိုက်မှု များပိုလာမည်


ရုရှားနိုင်ငံလုပ် ညူကလီးယားဓါတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုပုံ

ဒီတော့ အစိုးရက ရုရှားနိုင်ငံနှင့် ၁၀၀၀ မီဂါ ၀ပ်ထုတ်နိုင်သော နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတည်ဆောက် ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ( ၃၀၀၀) ကျော်အကုန်အကျခံ၍ တည်ဆောက်ရန်ညှိနှိုင်း သဘောတူခဲ့သည်...ခုနက ပြောနေကြသူများ ၀မ်းမြောက်စွာ ကြိုဆိုကြမည်ဟု မထင်လိုက်ပါနှင့်အောက်ပါအတိုင်း ဆက်ပြောကြသည်.....

- ဒါစစ် အစိုးရ အာဏာ တည်မြဲအောင်လုပ်နေတာ

- လျှပ်စစ်ထုတ်တာ ဘန်းပြပြီး လက်နက်ထုတ်မလို့နေမှာ

- မလုပ်တတ် မကိုင်တတ်နဲ့ ဓါတ်ငွေ့တွေ ယိုစိမ့်လာရင် လူထု ဒုက္ခရောက်မှာ

- ဒီလိုနည်းနဲ့လင်းမဲ့ အစား အမှောင်ထဲမှာသာနေလိုက်ချင်တော့တာပဲ

- ရုရှားကိုလဲ ပညာတော်သင်တွေ လွှတ်နေတယ်တဲ့ သေချာပါတယ်..ဒါလက်နက်လုပ်တော့မှာ...

- ဒီလိုသာ လက်နက်တွေထုတ်မယ်ဆိုရင် ဒါ.. နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်တာပဲ

- ဒေသတွင်းငြိမ်းချမ်းရေး ကိုထိခိုက်မယ်


ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်

ကဲ..ဟုတ်ပြီဒီလိုဆို..ရေအားကနေလျှပ်စစ်ထုတ်မယ်..နိုင်ငံအတွင်းမှာလဲသဘာဝအရင်းအမြစ်တွေရှိနေတာဆိုတော့..ဆိုပြီး
ဆည်တွေ ရေကာတာတွေဆောက်ပြီးလုပ်ကြမယ်ဆိုပြန်တော့လဲ..

- ဟာ...သဘာဝပတ်ဝန်းကျင်တွေတော့ ပျက်စီးပါပြီ
- ရေ၀ပ်ဧရိယာမှာရှိတဲ့ လူတွေကို စစ်အစိုးရက အတင်းရွှေ့ခိုင်းနေပြီ

- ရေ၀ပ်ဧရိယာမှာရှိတဲ့ သစ်ပင်တွေကို စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေခုတ်လိုက်ကြပြီ

- ဆည်သာကျိုးလိုက် လို့ကတော့ ရေလွှမ်းမိုးမှုတွေ ဖြစ်မှာသေချာတယ်

- ဒီဆည်ကထွက်တဲ့ လျှပ်စစ်ကိုနေပြည်တော် ပို့ရမှာတဲ့

- ဒေသခံလူထုကို ဘာမှအကျိုးပြုမှာမဟုတ်ပါဘူး

- အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပေါ်လာမှာကို ဒေသခံတွေကစိုးရိမ်နေကြတယ်

- တရုတ်မှာတောင် လူထုကကန့်ကွက်လို့ တရုတ်အစိုးရက ဆည်တစ်ခုဖေါက်ခွဲ ပစ်လိုက်သေးတယ် ဒီမှာက
ဆည်တွေ ခုမှဆောက်မှာတဲ့ ဒီလူတွေနဲ့တော့ ခက်တော့တာပါပဲ..


ကဲ...သဘာဝဓါတ်ငွေ့ကနေထုတ်ကြမယ်ဆိုပြန်တော့လည်း ...လာပြန်ပါပြီနောက်တစ်မျိုး

- လျှပ်စစ်ထုတ် တယ်ဆိုတာထက် ဒီကရတဲ့ငွေတွေ သူတို့ယူသွားတာ

- သဘာဝ ဓါတ်ငွေ့ကရတာတွေနဲ့ လက်နက်ဝယ်နေတာတဲ့

- လက်နက်တွေဝယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်တော့မှာတဲ့

http://www.myanmarexpress.net

Posted by Arakan News on 6/20/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ