Related Posts Plugin for WordPress, Blogger...

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါ လီများကို   သန်းခေါင်
စာရင်း ကောက်ယူရန်    ဇွန်လလယ်ထိ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပြီး ထိုကာလ
 ကျော်လွန်သွားပါက စစ်တမ်းအနေဖြင့်
 ကောက်ယူ သွားမည်ဖြစ်ကြောင်း ပြည်သူ့


အင်အားဦးစီးဌာနမှ သတင်းရရှိ သည်။

ရခိုင်ပြည်နယ်၏ ကျန်ရှိနေ သည့်နေရာများတွင် သန်းခေါင် စာရင်းကောက်ယူရန် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း   အားလုံးကို ကောက်ခံရန်   ယနေ့အချိန်ထိ လက်မခံသေးကြောင်း   ပြည်သူ့ အင်အားဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြော သည်။

‘‘ဘင်္ဂါလီက အဆင်မပြေသေးဘူးပေါ့။ နယ်မြေမှာသွားကောက်ရင် လက်မခံဘူး။ ရန်ကုန်က ခေါင်းဆောင်တွေကို ပြောလို့ ပြောတယ်။ ရန်ကုန်က ခေါင်း ဆောင်တွေနဲ့ပြောတော့ ခေါင်း ဆောင်အဆင်ပြေတယ်။ လာ ကောက်တော့ အိမ်တိုင်းစေ့လက် မခံဘူး၊   ပုတ်ထုတ်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။

သန်းခေါင်စာရင်းကောက် ယူရန် တိုးမြှင့်ထားသည့် ရှစ်ပတ် အတွင်းအစိုးရက ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်ရှိ ကျန်ရှိသော နေရာများတွင် ကောက်ယူရန် ထုတ်ပြန်ထားသည်။ ရှစ်ပတ်ပြည့်ရန် နှစ်ပတ်သာလိုသည့်ကာလအ တွင်း ကချင်ပြည်နယ်ရှိ ကျန်ရှိနေ သော ကျေးရွာ ၉၇ ရွာတွင် ကောက်ယူရန် ကေအိုင်အေနှင့် သဘောတူညီမှုရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ကောက်ယူမှု ကိစ္စမှာ ယနေ့အချိန်ထိ ညှိနှိုင်း နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်၏ လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှုပုံ စံသည် ကိုယ့်သဘောနှင့်ကိုယ် ကောက်ခံလိုသည့်   ဘင်္ဂါလီလူ မျိုးက    အကြောင်းကြားမှသာ ကောက်ယူနေခြင်းဖြစ်ပြီး   ခရိုင်အဆင့်ကောက်ယူမှုကို ယနေ့အချိန်ထိ မပြုလုပ်သေးကြောင်း သ တင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ကျန်ရှိ နေသည့် နေရာများသည် ၎င်းတို့ ကို ရိုဟင်ဂျာဟု ထည့်သွင်းမှသာ ကောက်ခံမည်ဟု တောင်းဆိုနေ သောနေရာများဖြစ်သည်။ ရိုဟင် ဂျာသတ်မှတ်မှုကို   တောင်းဆို သည့်အပေါ် အစိုးရ၏ ရပ်တည် ချက်မှာ ပြောင်းလဲမည်မဟုတ် ပေ။  ထိုသို့  တောင်းဆိုသောသူ များကို   လူမျိုးအမည်မဖော်ပြ ခြင်းဖြင့် ကောက်ယူရန် အစိုးရက ညှိနှိုင်းနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရိုဟင် ဂျာဟုထည့်သွင်းမှ အကောက်ခံ မည်ဟု     ပြောဆိုထားသဖြင့် ကောက်ယူရန် အဆင်မပြေသည့် ခရိုင်သုံးခုရှိသည်။ ဘင်္ဂါလီဟုဖြေ ဆိုသဖြင့် ရခိုင်ပြည်နယ်ရှိ ခရိုင်နှစ် ခုတွင်ကောက်ခံရာ လူဦးရေတစ် သောင်းခန့်ကောက်ခံပြီးစီးပြီဖြစ် ကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် နေထိုင်သည့် ဘင်္ဂါလီစာရင်းကိုကောက်ယူ ထားကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနက   သတင်းထုတ်ပြန်ထား သည်။

ယခင်ကောက်ယူထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ၁ ဒသမ ၃၃ မီလီယမ်ရှိ သည့်အနက် ရခိုင်ပြည်နယ်တွင် ၁ဒသမ၀၅ သန်းနေထိုင်သည်ဟု သတင်းရရှိသည်။

7 Day News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ